◾မာဒူရိုနှင့် ဇနီးအား အိပ်ခန်းအတွင်းမှ ဖမ်းခဲ့၊ အမေရိကန်တွင် တရားရင်ဆိုင်ရမည်
ဗင်နီဇွဲလာ... See More
◾မာဒူရိုနှင့် ဇနီးအား အိပ်ခန်းအတွင်းမှ ဖမ်းခဲ့၊ အမေရိကန်တွင် တရားရင်ဆိုင်ရမည်
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုနှင့် ဇနီး စီလီယာဖလော်ရက်စ်တို့အား ဖမ်းမိခဲ့သော စီးနင်းမှုအအတွင်း အမေရိကန်တပ်ဖွဲ့များက ၎င်းတို့ကို အိပ်ခန်းအတွင်းမှ ဆွဲထုတ်ဖမ်းဆီးခဲ့သည်ဟု CNN သတင်းတစ်ရပ်အရ သိရသည်။
မာဒူရိုတို့ လင်မယားအိပ်နေချိန် ည သန်းခေါင်တွင် ဖမ်းဆီးခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
အမေရိကန် ဒယ်လ်တာအထူးတပ်ဖွဲ့များက လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးတွင် အမေရိကန်ဘက်မှ မည်သည့်ထိခိုက်သေဆုံးမှုမှ မရှိခဲ့ကြောင်း ကန်အရာရှိကြီးတစ်ဦးက ပြောသည်။
ဗင်နီဇွဲလားသမ္မတမာမာဒူရိုအား ဖမ်းဆီးခဲ့သော စစ်ဆင်ရေးတွင် အထူးတပ်ဖွဲ့များနှင့်အတူအက်ဖ်ဘီအိုင်အရာရှိများလည်း လိုက်ပါခဲ့ကာ ယခုအခါ မာဒူရိုအား ၎င်းတရားရင်ဆိုင်ရမည့် နယူးယောက်မြို့သို့ ပို့ဆောင်ရန် စီစဥ်နေပြီဟု သိရသည်။
မာဒူရိုနှင်နှင့် ဗင်နီဇွဲလား ထိပ်တန်းစစ်ဘက် အရာရှိကြီးများအား တရားစွဲဆိုနိုင်ရန် အမေရိကန်မူးယစ်ဆေးဝါးဖမ်းဆီးနှိမ်နင်းရေးအဖွဲ့က နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သည်ဟု ကန်ဥပဒေစည်းကြပ်ရေးအရာရှိများက ဆိုသည်။
အဆိုပါ ပြင်ဆင်မှုများမှာ နောက်ပိုင်းတွင် လူသိရှင်ကြားထုတ်ပြန်မည့် စွဲချက်များအတွက် အခြေခံလည်း ဖြစ်သည်။
ဗင်နီဇွဲလားတွင် ဖမ်းဆီးခံခဲ့ရပြီးနောက် မာဒူရိုသည် အမေရိကန်မြေပေါ်မှ အမေရိကန်တရားရုံးများတွင် အမေရိကန် တရားရေးစနစ်၏ အမျက်ဒေါသအပြည့်အဝနှင့်ရင်ဆိုင်ရလိမ့်မည်ဟု ကန်တရားသူကြီးချုပ် မစ္စ်ပမ်ဘွန်ဒီက ပြောကြားခဲ့သည်။
သတင်း - ရဲမင်း
ကိုးကား - CNN
#နိုင်ငံတကာသတင်း
No comments yet.