ဗဟုသုတရဖို့ ဖတ်ကြည့်ပါ
အမေရိကန်က ဖမ်းဆီးလိုက်တဲ့ မာဒူရို ဆိုတာ
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက... See More
ဗဟုသုတရဖို့ ဖတ်ကြည့်ပါ
အမေရိကန်က ဖမ်းဆီးလိုက်တဲ့ မာဒူရို ဆိုတာ
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှာ အမေရိကန်အထူးတပ်ဖွဲ့ Delta Force ရဲ့ ဝင်ရောက်ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicols Maduro) ဟာ ခေတ်သစ်ကမ္ဘာ့နိုင်ငံရေးမှာ အငြင်းပွားဖွယ်ရာ အကောင်းဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။
ရေနံသယံဇာတ အကြွယ်ဝဆုံးနိုင်ငံကို အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်ရှိအောင် အုပ်ချုပ်ခဲ့သူ၊ အာဏာရှင်တစ်ဦးအဖြစ် စွပ်စွဲခံရသူ၊ တော်လှန်ရေးသမားတစ်ဦးအဖြစ် ခံယူထားသူ... မာဒူရိုဆိုတာ တကယ်တော့ ဘယ်သူလဲ။
မာဒူရိုရဲ့ ဘဝအစဟာ အလွန်ရိုးရှင်းပါတယ်။ သူဟာ နိုင်ငံရေးမျိုးရိုးက ဆင်းသက်လာသူ မဟုတ်ပါဘူး။ ၁၉၉၀ ပြည့်နှစ်တွေတုန်းက သူဟာ ကာရာကပ်စ်မြို့တော်မှာ ဘတ်စ်ကားမောင်းသမား တစ်ဦးအဖြစ် အသက်မွေးခဲ့သူပါ။
ဒါပေမဲ့ သူဟာ သာမန်ကားဆရာမဟုတ်ဘဲ စကားပြောကောင်းပြီး စည်းရုံးရေးစွမ်းရည်ရှိတဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။ ဒီအရည်အချင်းတွေကပဲ သူ့ကို ဗင်နီဇွဲလားရဲ့ ဆိုရှယ်လစ်ခေါင်းဆောင်ကြီး Hugo Chvez နဲ့ ဆုံတွေ့စေခဲ့ပါတယ်။
ချာဗက်ဇ် ထောင်ကျနေစဉ်ကာလမှာ မာဒူရိုရဲ့ ဇနီးဖြစ်လာမယ့် ရှေ့နေ Cilia Flores (ယခု ဖမ်းဆီးခံရသူ) နဲ့အတူ ချာဗက်ဇ်လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ရာကနေ လူယုံတော် ဖြစ်လာခဲ့ပါတယ်။
ချာဗက်ဇ် အာဏာရလာတဲ့အခါ မာဒူရိုဟာ နိုင်ငံခြားရေးဝန်ကြီး၊ ဒုသမ္မတအထိ အဆင့်ဆင့် ရာထူးတက်လာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ချာဗက်ဇ် ကွယ်လွန်ခါနီးအချိန်မှာ မာဒူရိုကို သူ့ရဲ့ ဆက်ခံသူ အဖြစ် လူထုကို မိတ်ဆက်ပေးခဲ့ပါတယ်။
ချာဗက်ဇ်ကွယ်လွန်ပြီးနောက် ၂၀၁၃ ရွေးကောက်ပွဲမှာ မာဒူရိုဟာ မဲအနည်းငယ်အသာနဲ့ အနိုင်ရပြီး သမ္မတ ဖြစ်လာခဲ့ပါတယ်။
မာဒူရို သမ္မတဖြစ်ပြီး မကြာခင်မှာပဲ ဗင်နီဇွဲလားရဲ့ ကံကြမ္မာဟာ ဇောက်ထိုးကျသွားခဲ့ပါတယ်။ ဒီအချိန်ဟာ ရေနံတွင်းကြီး ဖင်ခုထိုင်ထားတဲ့ ဗင်နီဇွဲလားရဲ့ အမှောင်မိုက်ဆုံး ကာလတွေဖြစ်ပါတယ်။
ကမ္ဘာ့ရေနံဈေးကျဆင်းမှုနဲ့ စီမံခန့်ခွဲမှုအမှားတွေကြောင့် နိုင်ငံစီးပွားရေး ပြိုလဲခဲ့ပါတယ်။ ငွေကြေးအလွန်အမင်းဖောင်းပွမှု ဟာ ရာခိုင်နှုန်း သန်းနဲ့ချီ မြင့်တက်ခဲ့ပြီး ပိုက်ဆံ၁အိတ်နဲ့ ဈေးဝယ်ထွက်မှ ကြက်ဥတစ်လုံးရတဲ့ အခြေအနေထိ ဆိုးရွားခဲ့ပါတယ်။
ဒီအခြေအနေမှာ အစားအစာနဲ့ ဆေးဝါးပြတ်လပ်မှုကြောင့် ဗင်နီဇွဲလားပြည်သူ ၇ သန်းကျော် (လူဦးရေရဲ့ ၄ ပုံ ၁ ပုံ) ဟာ နိုင်ငံကို စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။
စီးပွားရေးကျဆင်းလာတာနဲ့အမျှ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတဲ့အခါ မာဒူရိုဟာ အကြမ်းဖက်ဖြိုခွင်းတဲ့ နည်းလမ်းကို သုံးခဲ့ပါတယ်။ ၂၀၁၈ နဲ့ ၂၀၂၄ ရွေးကောက်ပွဲတွေမှာ မသမာမှုတွေရှိတယ်လို့ နိုင်ငံတကာက စွပ်စွဲခဲ့ပေမယ့် သူကတော့ စစ်တပ်ရဲ့ ထောက်ခံမှုနဲ့ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားခဲ့ပါတယ်။
အမေရိကန်က သူ့ကို ဖမ်းဆီးရတဲ့ အဓိကအကြောင်းရင်းကတော့ နိုင်ငံရေးသက်သက် မဟုတ်ဘူးလို့ ဆိုပါတယ်။ မာဒူရိုနဲ့ သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေဟာ "Cartel of the Suns" လို့ခေါ်တဲ့ နိုင်ငံတော်အဆင့် မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းကြီးကို ဦးဆောင်ပြီး ကိုကင်းမူးယစ်ဆေးဝါးတွေကို အမေရိကန်ဆီ တင်ပို့နေတယ်လို့ စွပ်စွဲခံထားရပါတယ်။
၂၀၂၀ ခုနှစ်မှာ အမေရိကန်တရားရေးဌာနက သူ့ကို "Narco-terrorism" (မူးယစ်အကြမ်းဖက်မှု) နဲ့ တရားစွဲဆိုခဲ့ပြီး ဆုကြေးငွေ ၁၅ သန်း (နောက်ပိုင်း သန်း ၅၀) ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မာဒူရိုဟာ အမေရိကန်ရဲ့ ကြံစည်မှုတွေ၊ အာဏာသိမ်းကြိုးပမ်းမှုတွေနဲ့ ၂၀၁၉ ခုနှစ်က အတိုက်အခံခေါင်းဆောင် Juan Guaid ရဲ့ စိန်ခေါ်မှုတွေကို နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။
သူဟာ "ငါ့ကို ဘယ်တော့မှ ဖြုတ်ချလို့မရဘူး" လို့ မကြာခဏ ကြွေးကြော်လေ့ရှိပါတယ်။
ဒါပေမဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှာတော့ အမေရိကန် Delta Force ရဲ့ စစ်ဆင်ရေးနဲ့အတူ သူ့ရဲ့ "ဆိုရှယ်လစ်တော်လှန်ရေး" ခရီးလမ်းဟာ အဆုံးသတ်သွားခဲ့ရပြီ ဖြစ်ပါတယ်။
ဘတ်စ်ကားမောင်းသမားဘဝကနေ သမ္မတဖြစ်လာသူဟာ အခုအခါမှာတော့ အမေရိကန်တရားရုံးမှာ တရားရင်ဆိုင်ရမယ့် အကျဉ်းသားတစ်ဦး ဖြစ်လာခဲ့ပါပြီ။
Crd:- - -
0 comments
0 shares
3
views
No comments yet.