အရေပြားမှာဖြစ်တတ်တဲ့ ရေယုန်၊ ဂရင်ဂျီနာနဲ့ နာတာရှည်အရေပြားအရည်ကြည်ဖု ပေါက်တဲ့ရောဂါတွေအတွက် ... See More
အရေပြားမှာဖြစ်တတ်တဲ့ ရေယုန်၊ ဂရင်ဂျီနာနဲ့ နာတာရှည်အရေပြားအရည်ကြည်ဖု ပေါက်တဲ့ရောဂါတွေအတွက် တခြားဆေးမြီးတိုတွေ လိုက်ရှာနေစရာ မလိုတော့ပါဘူး။ မိမိတို့အနီးအနားမှာ အလွယ်တကူရနိုင်တဲ့ "ဆိတ်နို့ပင်"ကို အသုံးပြုပြီး ကုသနိုင်ပါတယ်။
အသုံးပြုပုံဖော်စပ်နည်း -
၁။ ဆိတ်နို့ပင်ကို အမြစ်ပါမကျန် နုတ်ယူပြီး စင်ကြယ်အောင် ဆေးကြောပါ။
၂။ ၎င်းပင်ကို ကြက်သွန်ဖြူနှင့်အတူ ရောနှောပြီး ညက်နေအောင် ထောင်းပါ။
၃။ ထောင်းထားသောအဖတ်များထဲသို့ အရက်ဖြူ အနည်းငယ် (သို့မဟုတ်) ရေကျက်အေး အနည်းငယ်ထည့်၍ ရောစပ်ပါ။
၄။ ရရှိလာသော ဆေးဖတ်များကို ရောဂါဖြစ်ပွားနေသည့် နေရာတွင် ၂ ရက်မှ ၃ ရက်ခန့်အထိ တို့ပေး၊ အုံပေးထားပါ။
ဤနည်းအတိုင်း ပြုလုပ်ပေးပါက အရည်ကြည်ဖုများ တဖြည်းဖြည်း ခြောက်ကပ်သွားပြီး ပျောက်ကင်းသက်သာစေမှာ ဖြစ်ပါတယ်။ သိထားရုံနဲ့တင် မကဘဲ လိုအပ်ရင် လက်တွေ့စမ်းသပ်ကြည့်နိုင်ကြပါတယ်။
#yoyocooking
No comments yet.