ဆင်တုံးမနွယ် ပျားရည်စိမ် ဆေးသည် "မအို" ဆေးလို့တောင် တင်စားကြတယ်ဆိုပဲ 😍
ဆင်တုံးမနွယ် ပျ... See More
ဆင်တုံးမနွယ် ပျားရည်စိမ် ဆေးသည် "မအို" ဆေးလို့တောင် တင်စားကြတယ်ဆိုပဲ 😍
ဆင်တုံးမနွယ် ပျားရည်စိမ်ထားသော ဆေးသည် အသက်ရှည်ဆေး၊ ခွန်အားဖြစ်စေသောဆေး၊ အသက်ရှည်စေပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေကာ ရောဂါများကို တိုက်ဖျက်နိုင်သည်ဟု ဆိုကြသည်။ ဒါ့အပြင် ယောကျာ်းများအတွက် အားအင်ပြည့်ဝစေပြီး လူကို လန်းဆန်းတက်ကြွစေတယ်လို့လည်း ပြောကြပါတယ်။ 😁
(မိန်းမရှိသောသူများ အထူးသောက်သုံးသင့်ပါသည်) 🤪
လိုအပ်တဲ့ပစ္စည်းများ.....
၁။ ဆင်တုံးမနွယ်
၂။ ပျားရည်အစစ်
ပြုလုပ်နည်း.......
၁။ ဆင်တုံးမနွယ်ကို သန့်စင်အောင်ရေသေချာဆေးပါ။ ပြီးနောက် လက်တစ်ဆစ်စာအရွယ် အတုံးလေးတွေတုံးပြီး ၂ ရက်လောက် ခြောက်အောင်နေလှန်းထားပါ။
၂။ ပျားရည်ကို ရေငွေ့ပြန်သွားသည်အထိ ဆူပွက်အောင် ကျိုပါ။ ပြီးနောက် အအေးခံထားပါ။
၃။ ပြင်ဆင်ထားသော ဆင်တုံးမနွယ်အတုံးများကို ဖန်ပုလင်းတစ်ဝက်ခန့်ထည့်ပါ။ ပြီးနောက် ကျိုထားသော ပျားရည်ကို ဖန်ပုလင်းထဲသို့ လောင်းထည့်ပါ။
(ပုလင်းအပြည့်မထည့်ရပါ ပျားရည်နှင့် ဖန်ပုအပေါ်ပိုင်းအကြား ၃ လက်မခန့် နေရာလွတ်ချန်ထားပါ)။ ပြီးနောက် အဖုံးလုံအောင်ပိတ်ပြီး ၁ လမှ ၃ လလောက်အထိ စိမ်ထားပါ။
(ဆေးပုလင်းကို နေရောင်မထိအောင် ဂရုစိုက်ပါ။)
သောက်သုံးနည်း...
ဆေးစိမ်ရည် ၁ ဇွန်းကို ရေ ၁ ခွက်နှင့် ရောစပ်ပြီး တစ်နေ့လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ သောက်သုံးနိုင်ပါသည်။ အစာမစားမီ သို့မဟုတ် အစာစားပြီးမှလည်း သောက်သုံးနိုင်ပါသည်။ အအေးအဖြစ် ရေခဲထည့်ဖျော်ပြီးလည်း သောက်သုံးနိုင်ပါသည်။
(ဆေးစိမ်ပြီး သတ်မှတ်ထားတဲ့အချိန် ပြည့်သွားပါက ပျားရည်ကို စစ်ထုတ်ပြီး ပျားရည်အသစ်ထပ်မံထည့်၍ ထပ်မံစိမ်နိုင်ပါသည်။ ဆင်တုံးမနွယ်မလဲပဲ ဒီနည်းဖြစ် ၃ ကြိမ်အထိ ပြုလုပ်နိုင်ပါသည်။)
MON SOUNG
#fblifestyle
No comments yet.