Maduro ကို ဖမ်းဆီးခဲ့ပုံ
----------------------
အမေရိကန်ဟာ လနဲ့ချီပြီး ဗင်နီဇွဲလားကို ပိတ... See More
Maduro ကို ဖမ်းဆီးခဲ့ပုံ
----------------------
အမေရိကန်ဟာ လနဲ့ချီပြီး ဗင်နီဇွဲလားကို ပိတ်ဆို့ထားခဲ့ပါတယ်။ တရုတ်နဲ့ ရုရှားက ဗင်နီဇွဲလားဘက်က ထောက်ခံတယ်လို့ ပြောနေပေမယ့် လက်တွေ့အကူအညီ မပေးခဲ့ပါဘူး။ နောက်ပိုင်းမှာ တရုတ်က အမေရိကန်ရဲ့ လုပ်ရပ်ကို လက်မခံနိုင်ဘူးလို့ ပြောခဲ့သလို ဗင်နီဇွဲလားကို ရှီကျင့်ပင်က သူ့ရဲ့ အထူးကိုယ်စားလှယ် စေလွှတ်ခဲ့ပါတယ်။
အထူးကိုယ်စားလှယ်နဲ့ ဗင်နီဇွဲလားသမ္မတ Maduro တို့ တွေ့ဆုံကြပြီး စွမ်းအင်နဲ့ အခြေခံအဆောက်အအုံလိုအပ်ချက်တွေကို ဆွေးနွေးကြတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဒီ့နောက်မှာ CIA က Maduro ရဲ့ တည်နေရာကို အတည်ပြုပေးခဲ့ပါတယ်။ အမေရိကန်ဟာ ဗင်နီဇွဲလားနိုင်ငံထဲကို Jamming တွေနဲ့ စနစ်တွေကို နှောင့်ယှက်ခဲ့သို ကိုယ်ပျောက်ရဟတ်ယာဉ်တွေသုံးခဲ့ပါတယ်။ ရုရှားကပေးတဲ့ ရေဒါစနစ်တွေမှာ အမေရိကန်လေယာဉ်တွေ တစီးမှ ပေါ်မလာခဲ့ပါဘူး။ အဲဒါပြီးတဲ့နောက် ဗင်နီဇွဲလား စံတော်ချိန် ည ၂ နာရီမှာ အမေရိကန်စစ်တပ်က Black Hawk အပါဝင် ရဟတ်ယာဉ်တွေဟာ မြို့တော် Caracas ထဲ ဝင်လာပြီး စစ်စခန်းတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒါနဲ့ တပြိုင်နက်မှာပဲ ရဟတ်ယာဉ်ပေါ်ကနေ အမေရိကန်ရဲ့ Delta Force အဖွဲ့ဝင်တွေက ဆင်းလာပြီး သမ္မတနန်းတော်ထဲကို ပစ်ခတ်ပြီး ဝင်ရောက်သွားပါတယ်။ အိုစမာဘင်လာဒင်ကို သုတ်သင်တုန်းက သုံးခဲ့တဲ့ ရဟတ်ယာဉ်တွေဖြစ်ပြီး အသံတိုးလွန်းတာကြောင့် နန်းတော်ပေါ်ကို ရောက်နေတာတောင် ဗင်နီဇွဲလားစစ်တပ်က မသိပါဘူး။ ဒီဖြစ်စဉ်တွေကို Trump တို့က အမေရိကန်ကနေ Live ကြည့်နေတာပါ။
နောက်တော့ သမ္မတအိပ်ခန်းထဲကို ဝင်ရောက်ပြီး အိပ်နေတဲ့ Maduro နဲ့ သူ့မိန်းမကို အတင်းဆွဲခေါ်ပြီး ရဟတ်ယာဉ်ပေါ် တင်ပြီး ကာရေဘီယံပင်လယ်ထဲမှာ ရပ်ထားတဲ့ USS Iwo Jima သင်္ဘောကြီးပေါ် ခေါ်ဆောင်သွားပါတယ်။ အဲဒီကနေပြီး အမေရိကန်ကို ထပ်မံ ခေါ်ဆောင်ခဲ့တာဖြစ်ပြီး New York မှာ အချုပ်ချထားပြီး အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဗင်နီဇွဲလား ဒုသမ္မတကတော့ အခု မော်စကိုကို ထွက်ပြေးနေပြီလို့ သိရပါတယ်။
ဒီလို အထူး Military Operation မျိုးကို အမေရိကန်ကပဲ လုပ်ဆောင်နိုင်ပါတယ်။ ပူတင်ရဲ့ အထူးစစ်ဆင်ရေးကတော့ ၄ နှစ်ကျော်ကြာလာပြီး ရုရှားစစ်သား ၁.၆ သန်း သေဆုံးကာ ဒေါ်လာ ဘီလီယံ ၈၀၀ လောက် ကုန်နေပေမယ့် အကျိုးမထူးသေးပါဘူး။ အမေရိကန်ကတော့ ၂ နာရီထဲနဲ့ လူတယောက်မှ မသေပဲ အပြတ်ရှင်းနိုင်ခဲ့ပါတယ်။ တနည်းအားဖြင့် တရုတ်နဲ့ ရုရှားကို ပြင်းထန်တဲ့ မက်ဆေ့တခု ပို့လိုက်တာလဲ ဖြစ်ပါတယ်။
0 comments
0 shares
8
views
No comments yet.