🔥 ကမ္ဘာ့နိုင်ငံရေးကို တုန်လှုပ်သွားစေတဲ့ ကြေညာချက်တစ်ခု 🔥
ယနေ့ ဇန်နဝါရီ ၃ ရက်နေ့မှာ
အမေ... See More
🔥 ကမ္ဘာ့နိုင်ငံရေးကို တုန်လှုပ်သွားစေတဲ့ ကြေညာချက်တစ်ခု 🔥
ယနေ့ ဇန်နဝါရီ ၃ ရက်နေ့မှာ
အမေရိကန်သမ္မတ ဒိုနယ်ထရမ့်က
လူတိုင်း မျှော်လင့်မထားတဲ့ ကြေညာချက်တစ်ခုကို သူ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်
ရုတ်တရက် ထုတ်ပြန်လိုက်ပါတယ်။
👉 ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရို နှင့်
၎င်း၏ ဇနီးဖြစ်သူ
တို့ကို အမေရိကန်က ဖမ်းဆီးရရှိထားပြီး
လေယာဉ်ဖြင့် တိုင်းပြည်ပြင်ပသို့ ခေါ်ထုတ်ခဲ့ပြီးဖြစ်ကြောင်း
ထရမ့်က အတိအလင်း ပြောကြားခဲ့တာပါ။
အဲ့ဒီကြေညာချက်ထွက်လာချိန်နဲ့ အချိန်ကိုက်ပဲ ဗင်နီဇွဲလား မြို့တော် ကာရာကတ်စ် မှာ
နံနက်အစောပိုင်း ပေါက်ကွဲသံများ ဆက်တိုက်ကြားရပြီး အမေရိကန်က စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။
ဒီဖြစ်ရပ်က အမေရိကန်နဲ့ ဗင်နီဇွဲလားအကြား
နှစ်ရှည်လများတင်းမာနေခဲ့တဲ့
နိုင်ငံရေး၊ စစ်ရေး အငြင်းပွားမှုတွေ
အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားပြီလားဆိုတဲ့
မေးခွန်းကြီးကိုလည်း
ကမ္ဘာလုံးဆိုင်ရာ မီဒီယာတွေကြားမှာ
ထပ်မံ ပေါ်ထွက်လာစေခဲ့ပါတယ်။
ဒါပေမယ့် အခုအချိန်အထိ ဗင်နီဇွဲလားအစိုးရဘက်က မာဒူရို ဖမ်းဆီးခံရခြင်းအပေါ်
တရားဝင် အတည်ပြုချက် မထုတ်ပြန်သေးပါဘူး။
နိုင်ငံတကာ သတင်းဌာနအများစုကလည်း
အချက်အလက်တွေကို စိစစ်နေဆဲဖြစ်ပြီး
“အတည်မပြုနိုင်သေးတဲ့ သတင်း” အဖြစ်
ဖော်ပြထားကြပါတယ်။
👉 ဒါဟာ သမိုင်းဝင် ပြောင်းလဲမှုတစ်ခု ဖြစ်လာမလား
👉 ဒါမှမဟုတ် နိုင်ငံရေး စစ်ရေးဖိအားပေးမှုတစ်ခုသာ ဖြစ်မလား
အဖြေကတော့
လာမယ့် နာရီများ၊ ရက်များအတွင်း
တရားဝင် ကြေညာချက်အသစ်တွေ ထွက်လာမှသာ အမှန်တကယ် သိနိုင်ပါလိမ့်မယ်။
📌 သတင်းအခြေအနေကို ဆက်လက်စောင့်ကြည့်ပြီး
Update သတင်းများကို ထပ်မံဖော်ပြသွားပါမယ်။
ပုံ ကိုးကားးAI photo by Trump statement
#အမေရိကန် #ဗင်နီဇွဲလား #သမ္မတ #နိုင်ငံတကာ #သတင်းစုံ #ဘာသာပြန် #သတင်း
No comments yet.