ဗင်နီဇွဲလားသမ္မတနဲ့ ဇနီးကို ဖမ်းဆီးလိုက်ပြီလို့ အမေရိကန်သမ္မတ ထရမ့်ပြော
၃ ဇန်နဝါရီ ၂၀၂၆
... See More
ဗင်နီဇွဲလားသမ္မတနဲ့ ဇနီးကို ဖမ်းဆီးလိုက်ပြီလို့ အမေရိကန်သမ္မတ ထရမ့်ပြော
၃ ဇန်နဝါရီ ၂၀၂၆
ဗင်နီဇွဲလားကို အမေရိကန်တိုက်ခိုက်ပြီးနောက် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနဲ့ ဇနီးကို အမေရိကန်က ဖမ်းဆီးရရှိထားပြီး လို့ သမ္မတထရမ့်က သူ့ရဲ့လူမှုကွန်ရက်ကနေ ပြောဆိုလိုက်ပါတယ်။
ဖမ်းဆီးရခဲ့တဲ့ ဗင်နီဇွဲလားသမ္မတနဲ့ ဇနီးကိုလေယာဉ်နဲ့ ဗင်နီဇွဲလားအပြင်ဘက်ကို ထုတ်လာခဲ့ပြီလို့ဆိုပါတယ်။
ဗင်နီဇွဲလားနိုင်ငံအတွင်းက မူးယစ်ဆေးဝါးမှောင်ခိုမှုတွေအပါအဝင် ရာဇဝတ်မှုတွေကို အကြောင်းပြပြီးအမေရိကန်နိုင်ငံက ဒေသစံတော်ချိန် ဇန်နဝါရီလ၃ ရက်မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒေသစံတော်ချိန် ဇန်နဝါရီလ၃ ရက်မနက်အစောပိုင်းမှာ ဗင်နီဇွဲလားနိုင်ငံရဲ့မြို့တော် ကာရာကပ်စ်နဲ့ မီရန်ဒါနဲ့ အာရာဂွါပြည်နယ်တို့မှာ ပေါက်ကွဲသံတွေ အဆက်မပြတ်ကြားခဲ့ရပါတယ်။
အမေရိကန်သမ္မတထရမ့်ဟာ ဗင်နီဇွဲလားနိုင်ငံအတွင်းက စစ်ဘက်ဆိုင်ရာအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့အတွက် အမိန့်ပေးခဲ့တာလို့ သိရပါတယ်။
ဗင်နီဇွဲလာနိုင်ငံက အမေရိကန်ရဲ့တိုက်ခိုက်လာမှုအ ပေါ် အလွန်ဆိုးဝါးတဲ့ စစ်ရေးကျူးကျော်မှုတွေကို လုပ်ဆောင်ခဲ့ဖြစ်ပြီး ဗင်နီဇွဲလားအနေနဲ့ လက်မခံဘဲ ကန့်ကွက်ရှုတ်ချပြီး အမေရိကန်အနေနဲ့ ဗင်နီဇွဲလားမှာရှိတဲ့ ရေနံနဲ့ သတ္တုသယံဇာတများကို သိမ်းပိုက်ဖို့ စွပ်စွဲရှုတ်ချထားတယ်လို့ သိရပါတယ်။
#NewDayMyanmar #အမေရိကန် #ဗင်နီဇွဲလား
No comments yet.