မျောက်ငိုသီး၏ အစွမ်းထက် ဆေးဖက်ဝင်ပုံများ
---------------------
မျောက်ငိုသီးဟာ ဆေးဖက်ဝင် ... See More
မျောက်ငိုသီး၏ အစွမ်းထက် ဆေးဖက်ဝင်ပုံများ
---------------------
မျောက်ငိုသီးဟာ ဆေးဖက်ဝင် အသီးတစ်မျိုး ဖြစ်ပါတယ်။ မျောက်ငိုသီး၏ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်။
မျောက်ငိုသီး၏ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့.....
ပရိုတင်းဓါတ်ကြွယ်ဝတယ်
မျောက်ငိုသီးတွင် အသားဓါတ် (Protein) ကြွယ်ဝစွာပါဝင်တာကြောင့် လူ့ခန္ဓာကိုယ်ထဲက မကောင်းတဲ့ကိုလက်စထရော (Cholestrol) ဓါတ်များကို လျော့နည်းစေနိုင်ပါသည်။
ဦးနှောက်ကျန်းမာစေတယ်
မျောက်ငိုသီးတွင် ပိုတက်စီယမ် (Potassium) ဓါတ် ကြွယ်ဝစွာပါဝင်သဖြင့် လူ့ခန္ဓာကိုယ် ရဲ့ အာရုံကြောစနစ်နှင့် ဦးနှောက်လုပ်ဆောင်ချက်တွေကို မှန်ကန်စေပါသည်။
စိတ်ကြည်စေတယ်
မျောက်ငိုသီးတွင် Magnesium ဓါတ် ကြွယ်ဝစွာပါဝင်သဖြင့် Magnesium ကြွယ်ဝတဲ့ အစားအစာတွေကို ပုံမှန်စားသုံးပါက စိတ်ကြည်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်နိုင်စွမ်းတွေကို ပိုမိုကောင်းမွန်စေပါသည်။
သွေးအားကောင်းစေတယ်
မျောက်ငိုသီးတွင် သံဓါတ် (Iron) ကြွယ်ဝစွာပါဝင်သဖြင့် သွေးအားကောင်းစေပြီး သံဓါတ်မလုံလောက်ရာတွင် ဖြစ်ပေါ်တတ်သော မောပန်းလွယ်ခြင်း၊ စိတ်ရောကိုယ်ပါ အားကုန်စေခြင်းများ ကို ကာကွယ်ပေးနိုင်ပါသည်။
အစာချေစနစ် ကောင်းမွန်စေတယ်
မျောက်ငိုသီးတွင် အမျှင်ဓါတ် (fiber) ကြွယ်ဝစွာပါဝင်သဖြင့် အစာချေစနစ်ကို ကောင်းမွန် စေပြီး ဝမ်းချုပ်ခြင်းမှကာကွယ်ပေးပါသည်။
မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေတယ်
မျောက်ငိုသီးတွင် Vitamin-A ကြွယ်ဝစွာပါဝင်သဖြင့် အမြင်အာရုံကိုလည်း ကောင်းမွန်စေပါသည်။
ဆီးချိုထိန်းပေးတယ်
မျောက်ငိုသီးရဲ့ အာနိသင်တွေထဲမှာ သွေးတွင်းသကြားဓါတ်ကို ထိန်းနိုင်တဲ့အစွမ်းသတ္တိ လည်းပါဝင်သဖြင့် ဆီးချိုဖြစ်ပွားမှုကိုလည်း ထိန်းပေးပါသည်။
အရိုးကျန်းမာစေတယ်
မျောက်ငိုသီးတွင် ဖော့စဖရပ်စ် ( Phosphorus ) ကြွယ်ဝစွာပါဝင်သဖြင့် အရိုးပွခြင်းကို ကာကွယ်ပေးပါသည်။
ဆေးလိပ်ဖြတ်ခြင်းကို ကူညီပေးတယ်
မျောက်ငိုသီးတွင် Vitamin B6 ၊ B12 ပါဝင်သဖြင့် ဆေးလိပ်ဖြတ်သူများအနေဖြင့် စားပေး သင့်ပါသည်။ Potassium နှင့် Magnesium ပါဝင်လို့လည်း နီကိုတင် (Nicotine)ကို ပျက်စေပါသည်။
လေဖြတ်မှုကို ကာကွယ်ပေးတယ်
မျောက်ငိုသီးတွင် Potassium အများဆုံးပါဝင်ပေမယ့် အငန်ဓါတ်မှာ နည်းပါးသဖြင့် သွေးပေါင်ကိုကျစေပြီး လေဖြတ်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။
ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိတယ်
မျောက်ငိုသီးတွင် Phenolic ဒြပ်ပေါင်းကြွယ်ဝသဖြင့် Bacteria ကို ေ,သစေပြီး ရောဂါပိုးဝင်ခြင်းကို ကာကွယ်နိုင်တဲ့အစွမ်းနှင့် ဓါတ်တိုးဆန့်ကျင်အာနိသင်တွေ ပါဝင်ပါသည်။
အခြားကျန်းမာရေးအကျိုးကျေးဇူးများမှာ မျောက်ငိုသီးနှင့် ပျားရည်ကို တို့စားပါက အရက်အမူးပြေစေသလို မျောက်ငိုသီးနှင့် ပျားရည်အစွမ်းက အစာအိမ်ကို အနားယူစေပြီး သွေးချိုကိုလည်း ညီမျှအောင် ညှိပေးနိုင်စွမ်းရှိသဖြင့် အစာအိမ်မကောင်းသူများလည်း စားသုံးသင့်ပါသည်။
သတိပြုရန်မှာ....
"တန်ဆေး ၊ လွန်ဘေး" ဆိုသလို သိပ်များလွန်းလျှင် သူ့မှာ Amino Acid ပါဝင်မှုများလို့ ကျောက်ကပ်ကို ထိခိုက်စေနိုင်လို့ များစွာ မစားသင့်ပါ။
မျောက်ငိုသီးမှာ ပဲမျိုးရင်းဝင်းအုပ်စုတွင် ပါဝင်တာမို့ တခြားပဲတွေလိုပဲ သူ့မှာ Purine ပမာဏ အတော်အသင့်ပါဝင်ပါသည်။ ဒါကြောင့် ဒီပဲကို ရေစိမ်ထားပါက Urine acid တော်တော်လေး လျော့သွားစေနိုင်ပါသည်။
မျောက်ငိုသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။ အားလုံးပဲ ကျန်းမာကြပါစေ....။
with respect - credit
#knowledge
#home remedies
No comments yet.