တရုတ် AI Agent ကုမ္ပဏီကို Meta ဝယ်ယူ
ရှားရှားပါးပါး တရုတ်နည်းပညာကုမ္ပဏီကို အမေရိကန်... See More
တရုတ် AI Agent ကုမ္ပဏီကို Meta ဝယ်ယူ
ရှားရှားပါးပါး တရုတ်နည်းပညာကုမ္ပဏီကို အမေရိကန်က ဝယ်သွားတာပါ။
ဝယ်သွားတဲ့ ကုမ္ပဏီက Facebook လုပ်ငန်းစု Meta ဖြစ်ပြီး သူဝယ်လိုက်တာ တရုတ်မှာ ထောင်ခဲ့တဲ့ အခု စင်ကာပူက Manus ဆိုတဲ့ AI agent ကုမ္ပဏီ ဖြစ်နေပါတယ်။ တရုတ်နဲ့ အမေရိကန် နည်းပညာပြိုင်ဆိုင်မှု ဒီရေအမြင့်ဆုံးအချိန်မှာ ဝယ်သွားလို့ သတင်းတွေ ကြီးနေတာပါ။
Meta က Manus ရဲ့ AI agent လုပ်ငန်းပိုင်းကို လက်လွှဲယူပြီး သူ့ထုတ်ကုန်တွေမှာ ဒီနည်းပညာ ပေါင်းစည်းပါလိမ့်မယ်။ Manus ရဲ့ AI agent က လုပ်ငန်းတစ်ခုလုံးကို အစအဆုံး အစီအစဉ်ဆွဲတာကနေ အလုပ်အပ်တဲ့အထိ လုပ်နိုင်တဲ့ "ပုံရိပ်ယောင် လုပ်ဖော်ကိုင်ဖက်" လို့တောင် ပြောပါတယ်။
ဒီဘက်စုံသုံး AI agent က ဈေးကွက်သုတေသန ၊ coding နဲ့ ဒေတာခွဲခြမ်းစိတ်ဖြာတဲ့အလုပ်တွေကို လုပ်နိုင်ပါတယ်။ ဒီနှစ်ဆန်းကပဲ ထွက်ထားတာ ဖြစ်ပြီး ဒီ Agent ထွက်ပြီးတဲ့နောက် ၈ လအတွင်းမှာ ကုမ္ပဏီဝင်ငွေ သန်း ၁၀၀ ကျော် ရထားပြီး အခုဆို ဝင်ငွေဒေါ်လာ ၁၂၅ သန်းအထက် ရှိနေပြီလို့ ပြောပါတယ်။
Manus ကို ရှောင်ဟုန်ဆိုတဲ့ CEO က ၂၀၂၂ ခုနှစ်က တရုတ်မှာ စတည်ထောင်ပြီး ဒီနှစ်ဆန်းပိုင်းမှာ စင်ကာပူကို ပြောင်းရွှေ့တာပါ။ ဒီကုမ္ပဏီကို Meta က ဘယ်လောက်ပေးဝယ်လိုက်သလဲဆိုတာ မသိရသေးပါဘူး။ Wall Street Journal က တွက်ထားတာတော့ အရောင်းအဝယ်တန်ဖိုး ဒေါ်လာ ၂ ဘီလျံကျော်မယ်လို့ ဆိုပါတယ်။
Manus ရဲ့ AI agents တွေကို ကုမ္ပဏီကြီးတွေက စိတ်ဝင်စားခဲ့ပါတယ်။ Microsoft တောင် သူ့ Windows 11 PC တွေမှာ Manus ကို စမ်းသုံးခဲ့တာ ရှိပါတယ်။ Meta အနေနဲ့ Manus ကို ဝယ်လိုက်တာက AI agent ပညာရှင်တွေလည်း ရ ၊ Llama မော်ဒယ်ကို အဆင့်မြှင့်တင်တဲ့အပိုင်းပါ အသုံးချနိုင်တော့မှာပါ။
#DuwunTech
No comments yet.