တရုတ်ပိုင်နက်ဟု အငြင်းပွားနေသည့် ရေပြင်တွင် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု ကျည်အစစ်သုံး စစ... See More
တရုတ်ပိုင်နက်ဟု အငြင်းပွားနေသည့် ရေပြင်တွင် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု ကျည်အစစ်သုံး စစ်ရေးလေ့ကျင့်
တောင်တရုတ်ပင်လယ်၊ ဇန်နဝါရီ ၁၃
တရုတ်နိုင်ငံက ၎င်းတို့၏ ပိုင်နက်အဖြစ် သတ်မှတ်ကြေညာထားသည့် တောင်တရုတ်ပင်လယ်ရေပြင်တွင် အမေရိကန်ရေတပ်၏ USS Abraham Lincoln လေယာဉ်တင်သင်္ဘော ဦးဆောင်သော တိုက်ရေယာဉ်အုပ်စုက လက်နက်ကြီး၊ ကျည်အစစ်များ အသုံးပြု၍ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။
ဇန်နဝါရီ ၈ ရက်နေ့ကတည်းက စတင်ခဲ့သော ဤစစ်ဆင်ရေးတွင် လေယာဉ်တင်သင်္ဘောအနီး ချဉ်းကပ်လာမည့် ရန်သူ့ဒုံးကျည်နှင့် ဒရုန်းများကို ပစ်ခတ်ချေမှုန်းနိုင်သည့် Phalanx လက်နက်စနစ်ကို ကျည်အစစ်များဖြင့် ပစ်ခတ်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
နျူကလီးယားစွမ်းအင်သုံး USS Abraham Lincoln နှင့်အတူ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောကြီးများဖြစ်သည့် USS Spruance၊ USS Michael Murphy နှင့် USS Frank E. Petersen Jr တို့ ဝန်းရံလိုက်ပါလာသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ထိုင်ဝမ်သည် အမေရိကန်ထံမှ ဒေါ်လာ ၁၁ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်များ ဝယ်ယူရန် အတည်ပြုခဲ့ပြီးနောက်၊ တရုတ်က ထိုင်ဝမ်ကျွန်းကို ဝိုင်းပတ်ပိတ်ဆို့သည့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။ ယခု အမေရိကန်၏ လှုပ်ရှားမှုသည် တရုတ်၏ လုပ်ရပ်ကို တန်ပြန်သည့် အင်အားပြမှုတစ်ခု ဖြစ်လာသည်။
အမေရိကန် အမှတ် ၇ ရေတပ်မကြီး၏ အကြီးအကဲကမူ ၎င်းသည် ပုံမှန်စစ်ရေးလေ့ကျင့်မှုသာဖြစ်ပြီး မဟာမိတ်များကို အားဖြည့်ရန်နှင့် ရန်လိုမှုများကို တန်ပြန်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်သည် တရုတ်၏ ပိုင်နက်ကြေညာမှုကို အသိအမှတ်မပြုဘဲ နိုင်ငံတကာရေပိုင်နက်အဖြစ်သာ သတ်မှတ်ထားသည်။
Ref: Independent
#MyanmarBreaking #SouthChinaSea #USNavy #China #Taiwan #MilitaryDrill #USSAbrahamLincoln
No comments yet.