ထိုင်းပါဆယ်ပို့သမားနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည့် မြန်မာလုပ်သား ၆ ဦး ရဲစခန်းလာရောက်ဝန်ခံ၊ လ... See More
ထိုင်းပါဆယ်ပို့သမားနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည့် မြန်မာလုပ်သား ၆ ဦး ရဲစခန်းလာရောက်ဝန်ခံ၊ လျော်ကြေးပေးပြီး အမှုကျေအေး
စမွတ်ပရာကန်၊ ဇန်နဝါရီ ၁၃
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်တွင် ဖြစ်ပွားခဲ့သော ထိုင်းပါဆယ်ပို့သမားနှင့် မြန်မာအလုပ်သမားများ ခိုက်ရန်ဖြစ်ပွားမှုတွင် ပါဝင်ခဲ့သူ မြန်မာလုပ်သား ၆ ဦးသည် ယနေ့ (ဇန်နဝါရီ ၁၃) နံနက်ပိုင်းတွင် ရဲစခန်းသို့ လာရောက်ဝန်ခံခဲ့ပြီး နှစ်ဖက်ညှိနှိုင်းမှုများဖြင့် အမှုပြီးပြတ်သွားခဲ့ပြီ ဖြစ်သည်။
အဆိုပါ မြန်မာလုပ်သား ၆ ဦးသည် &
#039;The One&
#039; စားသောက်ဆိုင် မန်နေဂျာနှင့်အတူ ရဲစခန်းသို့ ရောက်ရှိလာပြီး၊ ၎င်းတို့၏ စိတ်လိုက်မာန်ပါ လုပ်ရပ်အတွက် နောင်တရကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အထိုးခံရသူ ထိုင်းနိုင်ငံသားနှင့်တကွ ထိုင်းပြည်သူများကိုပါ တရားဝင် ဝန်ချတောင်းပန်ခဲ့ကြသည်။
ထိုင်းရဲတပ်ဖွဲ့က နှစ်ဖက်စလုံးကို ရန်ဖြစ်မှုဖြင့် ဒဏ်ငွေများ အသီးသီး ချမှတ်ခဲ့သည်။ ထို့အပြင် ပျက်စီးသွားသော ဆိုင်ကယ်အတွက် မြန်မာလုပ်သားများဘက်မှ လျော်ကြေးငွေ ဘတ် (၁) သောင်း ပေးလျော်ရန် သဘောတူညီခဲ့သဖြင့် အမှုကျေအေးကာ ပြေလည်သွားခဲ့ခြင်း ဖြစ်သည်။
အမှုအခင်းပြီးပြတ်သွားပြီ ဖြစ်သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် အခင်းဖြစ်ပွားရာ စားသောက်ဆိုင်၏ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ဆက်လက်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
ယမန်နေ့က အဆိုပါဖြစ်စဉ်ကြောင့် ထိုင်း-မြန်မာ လူမျိုးရေး မုန်းတီးမှုများအထိ ဦးတည်နိုင်မည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ တရားဝင် ဖြေရှင်းလိုက်နိုင်ပြီ ဖြစ်သည်။
Ref: The Justice Wave
#MyanmarBreaking #ThailandNews #SamutPrakan #MigrantWorkers #UpdateNews
No comments yet.