ဒီနေ့ခေတ်မှာ လေဖြတ်ဝေဒနာကြောင့် စကားပြောရာမှာ ဗလုံးဗထွေးဖြစ်ပြီး စိတ်သွားတိုင်း ကိုယ်မပါ ဖ... See More
ဒီနေ့ခေတ်မှာ လေဖြတ်ဝေဒနာကြောင့် စကားပြောရာမှာ ဗလုံးဗထွေးဖြစ်ပြီး စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေရသူတွေအတွက် တကယ်ကို ထိရောက်စေမယ့် ရှေးမြန်မာ့ရိုးရာ ဆေးနည်းကောင်းတစ်ခုကို ဝေမျှပေးချင်ပါတယ်။
မိမိတို့ရဲ့ မိဘဆွေမျိုး ဒါမှမဟုတ် ချစ်ခင်ရတဲ့ မိတ်ဆွေတွေထဲမှာ လေဖြတ်လို့ စကားမပီသတော့ဘဲ ပြောချင်တာတွေ မပြောနိုင်လို့ အားမလိုအားမရ ဖြစ်နေတာမျိုး မြင်တွေ့ရတာ တကယ့်ကို စိတ်မကောင်းစရာပါ။ မကြာသေးမီကပဲ ကျွန်တော်တို့ မိတ်ဆွေတစ်ဦး လေဖြတ်ပြီး စကားမပြောနိုင်လို့ သွားရောက်ကြည့်ရှုခဲ့ရပါတယ်။ နောက်တစ်ခေါက် ထပ်သွားကြည့်တဲ့အခါမှာတော့ အံ့သြစရာကောင်းလောက်အောင် စကားသံတွေ ပီသလာပြီး သွက်သွက်လက်လက် ပြောနိုင်လာတာကို တွေ့ရလို့ မေးမြန်းကြည့်ရာမှာ အခုဖော်ပြပေးမယ့် "သပွတ်ခါးသီး ဆေးနည်း" ကို သိရှိခဲ့ရတာ ဖြစ်ပါတယ်။
ဆေးနည်းဖော်စပ်ပုံနှင့် အသုံးပြုနည်း
လိုအပ်မယ့် ပစ္စည်းတွေကတော့ သပွတ်ခါးသီး နဲ့ ဆား ပဲ ဖြစ်ပါတယ်။
၁။ နင်းနိုင်သူများအတွက် - စဉ့်အင်တုံအကျယ်တစ်ခုထဲမှာ ဆား (၁၀) သားခန့်ကို အောက်က ခံထားပါ။ ပြီးရင် အပေါ်ကနေ သပွတ်ခါးသီးအစိမ်း (၁၀) လုံးလောက်ကို တင်ပါ။ လူနာက မတ်တပ်ရပ်နိုင်တယ်ဆိုရင် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် သပွတ်ခါးသီးတွေ အမြှုပ်ထွက်လာတဲ့အထိ ခြေထောက်နဲ့ နင်းပေးရပါမယ်။
၂။ အိပ်ရာပေါ် လဲနေသူများအတွက် - လမ်းမလျှောက်နိုင်၊ မတ်တပ်မရပ်နိုင်တဲ့ လူနာတွေဆိုရင်တော့ သပွတ်ခါးသီးနဲ့ ဆားကို အမြှုပ်ထအောင် အရင်လုပ်ပါ။ ရလာတဲ့ အမြှုပ်တွေနဲ့ လူနာရဲ့ လက်ဖဝါး၊ ခြေဖဝါးတွေကို အနှံ့အပြား ပွတ်တိုက်ပေးရပါမယ်။
ဘယ်လိုအကျိုးသက်ရောက်တာလဲ?
ဒီလို နင်းပေး၊ ပွတ်ပေးခြင်းအားဖြင့် သပွတ်ခါးရဲ့ အခါးဓာတ်ဟာ အကြောတွေကတစ်ဆင့် ခန္ဓာကိုယ်ထဲ စိမ့်ဝင်ပြီး ပါးစပ်ဆီကို ရောက်ရှိသွားပါတယ်။ အဲ့ဒီအခါမှာ တင်းနေတဲ့ လျှာခင်နဲ့ အကြောတွေ ပြေလျော့သွားပြီး စကားပြော ပီသလာတာဖြစ်တယ်လို့ သိရပါတယ်။
လေဖြတ်ဝေဒနာရှင်များအားလုံး အမြန်ဆုံး စကားပြန်ပြောနိုင်ပြီး ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။
#alinthitmedia
No comments yet.