ဆေးဖက်ဝင်ကွမ်းရွက်ပင်အကြောင်း
Piper betle
..
မျိုးရိုးခွဲခြားခြင်း
..
လောက:Plantae
C... See More
ဆေးဖက်ဝင်ကွမ်းရွက်ပင်အကြောင်း
Piper betle
..
မျိုးရိုးခွဲခြားခြင်း
..
လောက:Plantae
Clade:Angiosperms
Clade:Magnoliids
မျိုးစဉ်:Piperales
မျိုးရင်း:Piperaceae
မျိုးရင်းသေး:Piperoideae
မျိုးစု:Piper
မျိုးစိတ်:P. betle
ဒွိနာမPiper betle
L.
ပေါက်ရောက်ပုံ
..
မြန်မာ နိုင်ငံ အနှံ အပြားတွင် ပေါက်ရောက်သည်။ စိုက်ပျိုးပင် ဖြစ်သည်။
အသုံးပြုပုံ
..
ကွမ်းရွက် ညှစ်၍ ရသော သတ္တုနှင့် ဂျင်းပြုတ်ရည်၊ ဆားအနည်းငယ်နှင့် တိုက်ကျွေးပါက ပန်းနာ ရင်ကျပ်၊ ရင်အောင့် ရင်ကယ်၊ ကြက်ညှာ ချောင်းဆိုး ရောဂါများ ပျောက်၏။
ကလေးများ လေပွခြင်း၊ အစာ မကြေဖြစ်ခြင်း၊ ဝမ်းသွားခြင်း၊ ဖျားနာခြင်းများ၌ ကွမ်းရွက် သတ္တုရည်နှင့် ပျားရည်များ ရော၍ တိုက်ကျွေးလျှင် ပျောက်ကင်း နိုင်၏။
အဖျားကြောင့် ဖြစ်သော ခေါင်းကိုက် ရောဂါများ၌ ကွမ်းရွက် မျက်စဉ်းအဖြစ် ခတ်ပေးနိုင်သည်။ မျက်စိပူခြင်း၊ ယားခြင်း၊ နာခြင်းများတွင် ကွမ်းရွက်ကို မျက်လုံး ပေါ်တွင် ကပ်ပေးနိုင်သည်။ ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်သော အဖျား၊ လည်ချောင်းနာ ရောဂါများကို ပျောက်ကင်း စေနိုင်သည်။
သွေးတိုး ရောဂါတွင် သွေးတက်သည့် အခါ ချက်ချင်း ကျစေရန် ကွမ်းရွက် သတ္တုရည်ကို ညှစ်၍ တိုက်ကျွေးနိုင်သည်။
ကွမ်းရွက်ပင်၏ပုံပမ်း သွင်ပြင်
..
ကပ်ပါး နွယ်ပင်မျိုး ဖြစ်သည်။ ပင်စည်လုံး သေးသွယ် ပြောင်ချောသည်။ အမြစ်များ ထွက်နေသော ထစ်ဖုများ ရှိသည်။ တစ်ခါ တစ်ရံ ဂလင်းများ ပါရှိသည်။ မွှေးသော အနံ့ရှိသည်။ ကွမ်းပင်တွင် အနုစား၊ အလတ်စား၊ အကြမ်းစား၊ အရိုင်းစား ဟူ၍ ၄ မျိုးခန့် ခွဲထားသည်။ ရွက်လွှဲ ထွက်သည်။ နှလုံးပုံ ရှိ၍ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းရှိ အဝိုက်များ ညီညာသည်။ ရွက်ညှာ ရှည်၍ အလယ်တွင် မြောင်းပါရှိ၏။ ပန်းပွင့် အလွန် သေးငယ်သည်။ ဖိုမ သီးသန့် ရှိသည်။ ပန်းခိုင်များသည် အရွက်နှင့် မျက်နှာချင်းဆိုင် ထွက်၏။ အဖို ပန်းခိုင်သည် ပို၍ သေးသည်။ အသီးသည် အလွန် သေးငယ်သည်။ လုံးဝိုင်း၍ တစ်စေ့သီး ဖြစ်သည်။
အသုံးဝင်သောအပိုင်း
...
အရွက်
..
Betle Vine (ကွမ်း)
..
Botany Term : Piper bettle Linn
Species/Family : Piperaceae
ပုံသဏ္ဌာန် : အပင် - နွယ်ပင်မျိုးဖြစ်သည်။ ပင်စည်လုံး သေးသွယ်ပြောင်ချော၍ အမြစ်များ ထွက်နေသော ဆစ်ဖုများ ရှိသည်။ တစ်ခါတစ်ရံ ဂလင်း များပါရှိသည်။ မွှေးသော အနံ့ရှိသည်။ ပူစပ်သောအရသာရှိသည်။ ကွမ်းပင်တွင် အနုစား ၊ အလတ်စား ၊ အကြမ်းစား ၊ အရိုင်းစား ဟူ၍ ၄ မျိုးခန့်ခွဲထားသည်။ အရွက် - ရွက်လွှဲထွက်သည်။ နှလုံးပုံရှိ၍ ရွက်ထိပ်ချွန်ပြီး ရွက်ရင်း ရှိ အဝိုက်များ ညီညာသည်။ အရွက်ပေါ်မျက်နှာပြင်ပြောင်ချောသည်။ ရွက်ကြောထင်ရှား၍ ရွက်နားညီသည်။ ရွက်ညှာရှည်၍ အလယ်တွင် မြောင်းပါရှိ၏။ အပွင့် - ပန်းပွင့် အလွန်သေးငယ်သည်။ အဖို ၊ အမ သီးသန့် ရှိသည်။ ပန်းခိုင် များသည် အရွက်နှင့် မျက်နှာချင်းဆိုင်ထွက်သည်။ အဖိုပန်းခိုင်သည် ပို၍ သေးသည်။ အသီး -အညှာတံတစ်ချောင်း ပိတ်ချင်သီးကဲ့သို့ စုပေါင်း၍ သီးပြီး ရှည်မျောမျော ပုံသဏ္ဌာန်ရှိသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ နေရာအနှံ့အပြား တွင်စိုက်ပျိုးပေါက်ရောက်သည်။ စိုက်ပျိုးပင်ဖြစ်သည်။ အသုံးဝင်ပုံ : အာနိသင် - မြန်မာ့ဆေးကျမ်းများ အလိုအရ ကွမ်းရွက်သည် ဖန် ၊ ခါး ၊ ပူစပ်သောအရသာရှိ၏။ နှုတ်ကို မြိန်စေ၏။ သလိပ်ကို ကြေစေ၏။ လေကို နိုင်၏။ ထက်မြက်၏။ အားကိုတိုးစေ၏။ အဆိပ်ကို ပယ်တတ်၏။ ဝမ်းမီးတောက်စေ၏။ ကာမကို အားပေး၏။ နှလုံးကို အကျိုးပြု၏။ နှလုံး ၊ ချောင်းဆိုးရောဂါ စသည်ကို ပျောက်ကင်းစေ၏။
အသုံးပြုပုံ
..
အရွက်
..
၁။ ကွမ်းရွက် ညှစ်ရည်ကို ပျားရည်နှင့် တိုက်က ကလေးများ လေပွခြင်း ၊ အစာမကြေခြင်း ၊ ဝမ်းသွားခြင်း ၊ ဖျားနာခြင်းများ ပျောက်၏။
၂။ ကွမ်းရွက် ညှစ်ရည်ကို နွားနို့နှင့် သောက်က မီးယပ်ကြောင့် ဖြစ်သော စိတ္တဇ ရောဂါ ပျောက်၏။
၃။ ကွမ်းရွက် ညှစ်ရည်တွင် ချင်းပြုတ်ရည် နှင့် သိန္ဓောဆား အနည်းငယ်ထည့်သောက်က ပန်းနာရင်ကျပ် ၊ ရင်အောင့် ရင်ကယ် ၊ ကြက်ညှာချောင်းဆိုးများ ပျောက်၏။
၄။ ကွမ်းရွက်ညှစ်ရည်အား မျက်စဉ်းခတ်ပေးခြင်းဖြင့် ကြက်မျက်သင့်နာ ၊ မျက်စိနာ ၊ မျက်စိရောင်ခြင်း ၊ ကိုက်ခြင်း စသည့်မျက်စိနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်း၏။
၅။ ကွမ်းရွက်ကို နနွင်း နှင့် ကျိုပြီး ဆားအနည်းငယ် ခတ်သောက် က ဖျားနာရောဂါ ပျောက်၏။
၆။ ကွမ်းရွက်ကို မီးကင်၍ ကလေးများငယ်ထိပ်တွင် အုန်းသီး နှင့်ဆွတ်ပြီး ကပ်ပေးထားပါက နှာစေးရောဂါ ပျောက်ကင်း၏။
၇။ ကွမ်းရွက်ကို ထန်းလျက် ၊ ချင်း ၊ ဆားထည့်ပြုတ်သောက်သော် အပူလွန်၍ ဖျားသော ရောဂါပျောက်၏။
၈။ ထို့ပြင် ကွမ်းရွက်ကို ထုံး၊ ကွမ်းသီး၊ ဆေးရွက်ကြီး၊ ရှားစေးတို့ဖြင့်ယာပြီးကွမ်းယာအဖြစ်လည်းဝါးကြသည်။
၉။မျက်ရိုးကိုက်၊ ဇက်ကြောတက် ရောဂါရှိသူ၊ ကွန်ပြူတာနှင့် နေ့စဉ်အလုပ်လုပ်ရသူတို့အနေနဲ့ ကွမ်းရွက်ကိုပြားစေ့အဝိုင်းခန့်ဆုတ်ပြီးနားထင်နှစ်ဖက်နှင့်မျက်ခုံးနှစ်ခုကြားတွင်ကပ်ပေးခြင်းဖြင့် မျက်ရိုးကိုက်၊ ဇက်ကြောတက်တာတွေကို သက်သာစေနိုင်ပါတယ်။ ကွမ်းရွက်ကပ်တဲ့အခါ ကြမ်းတဲ့ဘက်ကိုမကပ်ဘဲ ပြောင်ချောမျက်နှင်ပြင်ဘက်မှ ကပ်ပေးပါ။
၁၀။မျက်မှန်ဒီဂရီတက်သူနှင့်မျက်စိသူငယ်အိမ်စောင်းသူများလည်းညအိမ်ရာဝင်ချိန်တွင်ကွမ်းရွက်ကိုပုံမှန်ကပ်ပေးခြင်းဖြင့် မျက်မှန်ဒီဂရီလျော့ကျစေပြီး သူငယ်အိမ်စောင်း၍ မျက်မှန်တပ်ရသူများမှာ တစ်လခန့်ကပ်ရုံဖြင့်မျက်မှန်လွတ်သွားသူများရှိသည်ဟုလည်း ဆိုကြပါတယ်။
အချို့ကတော့ ကွမ်းရွက်ကို ပြားစေ့ခန့်အဝိုင်းပြုလုပ်၍ ကပ်တတ်ကြပြီး အချို့ကတော့ကွမ်းရွက်တစ်ခုလုံးကိုမျက်စိအရွယ်အပေါက်ဖောက်၍ ကပ်သူများလည်း ရှိပါတယ်။
ညအိပ်ရာဝင်ခါနီးတွင် ကွမ်းရွက်ကပ်မယ်ဆိုပါက ကပ်တဲ့ပုံစံနဲ့နည်းစနစ်မှန်ကန်လျှင်နံနက်အိပ်ရာထတဲ့အထိ ကွာမကျပါဘူး။
၁၁။ညောင်းကိုက်ပြီးဖျားတဲ့ တုပ်ကွေးလိုအဖျားမျိုးဆို ကွမ်းရွက်နှင့်ချင်းတက်၊ ထန်းလျက်ပြုတ်ရည်တွင် ဆားလှော် သို့မဟုတ် ကြပ်ခိုးအနည်းငယ်ထည့်၍ ခပ်ပူပူလေး မှုတ်သောက်ကာ စောင်ခြုံပြီး ချွေးအောင်းခြင်းဖြင့်သက်သာပျောက်ကင်းစေနိုင်ပါတယ်။
၁၁။ရှေးခေတ်တွေတုန်းကဆို ကွမ်းရွက်ခြောက်ကို ရေနွေးဓာတ်ဘူးထဲထည့်သောက်ခြင်းဖြင့် ရင်ကြပ်၊ ပန်းနာ ဝေဒနာသည်များလည်းသက်သာစေနိုင်တယ်လို့ ဆိုထားပါတယ်။
၁၂။ကလေးသူငယ်များအတွက် ကွမ်းရွက်အသုံးပြုပုံမှာ အပူကြီး၍ဖျားလျှင် ကွမ်းရွက်စိမ်းကို အရည်ညှစ်၍ ချိုင်းကြား၊ ပေါင်ခြံကြားတို့တွင် လိမ်းပေးပါ။
၁၃။နှာစေးနှာပိတ်လျှင်ကွမ်းရွက်အဝိုင်းငယ်ကိုကလေးငယ်ထိပ်တွင် ကပ်ပေးပါ။
၁၄။ချွဲထ၊ ရင်ကြပ်လျှင် ကွမ်းရွက်ကို မီးကင်၍ ကလေးရင်အုံတွင်ကပ်ပေးပါ။
၁၅။ဝမ်းချုပ်၊ ဆီးချုပ်ဖြစ်လျှင် ကွမ်းရိုးတွင် အုန်းဆီသုတ်ပြီး ကလေးစအိုပေါက်မှ ဝမ်းချူသကဲ့သို့ ထည့်ပြီးလှည့်ပေးလျှင် ဆီးရော ဝမ်းပါ သွားစေနိုင်ပါတယ်။
၁၆။ကွမ်းရွက်လေးကဆံပင်ကျွတ်တာသက်သာချင်ရင်
ကွမ်းရွက်ကို ဆံသားနဲ့ ဦးရေပြား ပြဿနာ အမျိုးမျိုးအတွက် အသုံးပြုပေးလို့ ရပါတယ်။ ဆံပင်ကျွတ်တတ်သူတွေအနေနဲ့
ကွမ်းရွက် ၅ ရွက် ကနေ ၆ ရွက်ခန့်ကို ကြိတ်ခြေပါ။ ကြိတ်ခြေထားတဲ့ ကွမ်းရွက်ထဲကို နှမ်းဆီ ဒါမှမဟုတ် အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်လို့ သမအောင် မွှေပါ။ ရလာတဲ့ အနှစ်ကို ဦးရေပြားပေါ်မှာ လိမ်းလို့ လက်ချောင်းလေးတွေ သုံးပြီး နှိပ်နယ်ပါ။ မိနစ် ၂၀ လောက်ထားပြီးရင် ခေါင်းကို လျှော်နေကျ ခေါင်းလျှော်ရည် သုံးလို့ လျှော်ပါ။
၁၇။ကွမ်းရွက်၊ဆနွင်းပြုတ်ရည်ကရောင်ရမ်းမှုကို သက်သာစေနိုင်တယ်။
၁၈။ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။
၁၉။။ဝက်ခြံတွေကြောင့် စိတ်ညစ်နေတယ်ဆိုရင်တော့ ကွမ်းရွက်လေးကို စိတ်ချ လက်ချ သုံးပေးလို့ရပါတယ်။ကွမ်းရွက်ကို ရေသန့်သန့်ထဲမှာ မိနစ် ၂၀ လောက် စိမ်ပါ။ ပြီးရင် အရိုးတံကို ဖယ်ထုတ်ပြီး အရွက်ကို သေချာလေး ကြိတ်ခြေပါ။ ရလာတဲ့အနှစ်ထဲကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ထည့်ပြီး ဆား ၁ မှုန် ၂ မှုန်လောက်ထည့်ပါ။ ပြီးရင် သမအောင် မွှေလို့ သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။
တစ်ပတ်တစ်ကြိမ် ကနေ နှစ်ကြိမ်လောက် လုပ်ပေးရုံနဲ့ ဝက်ခြံ၊ ဝက်ခြံအမာရွတ်နဲ့ အမည်းစက်တွေကို သိသိသာသာ သက်သာစေမည်။
၂၀။အသားအရေလေး ချောမွေ့စေဖို့လည်း ကွမ်းရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ရေစင်အောင်ဆေးထားတဲ့ ကွမ်းရွက် ၂ ရွက် ၃ ရွက်ခန့်ကို သေချာလေး ကြိတ်ခြေလို့ နနွင်း နည်းနည်းလောက်ထည့်ပြီး သမအောင်မွှေပါ။ ရလာတဲ့အနှစ်ကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းလို့ မိနစ် ၂၀ လောက်ထားပြီး ရေနွေးနွေးနဲ့ ဆေးချပါ။တစ်ပတ်ကို ၂ ကြိမ်လောက်အထိ လုပ်ပေးလို့ရပါတယ်။ရောင်ရမ်းတာကို သက်သာစေပြီး မျက်နှာ အသားအရေကို ချောမွေ့စေမှာပါ။
၂၁။အင်ပျဉ်ထွက်တာ သက်သာချင်ရင်
ကွမ်းရွက်ရဲ့ အေရာင်ကျစေနိုင်တဲ့ အာနိသင်က အရေပြားပြဿနာဖြစ်တဲ့ အင်ပျဉ်တွေ သက်သာစေဖို့လည်း အသုံးဝင်ပါတယ်။ ရေနွေးဆူဆူထဲကို သန့်စင်ထားတဲ့ ကွမ်းရွက် ၁၀ ရွက်လောက် ထည့်ပြုတ်ပါ။ ရလာတဲ့ အရည်ကို အအေးခံပြီး ရေချိုးချလိုက်တာ ဒါမှမဟုတ် အင်ပျဉ် ဖြစ်တဲ့နေရာကို ဆွတ်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ အင်ပျဉ်ကို သက်သာစေသလို အရေပြားပေါ်က ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။ ယားယံတာကို သက်သာစေဖို့လည်း အထောက်အကူ ပြုပေးပါသေးတယ်။
၂၂။မျက်စိရောဂါများအတွက်
ကွမ်းရွက်ကို အနည်းငယ်ဆုတ်ယူ၍ မျက်စိ၏ အစွန်းနှစ်ဖက်တွင် ကပ်ပေးခြင်းကို အိပ်ရာဝင်ခါနီးတိုင်း မှန်မှန်ပြုလုပ်ပေးပါက မျက်စိမှုန်ခြင်းကိုလည်း ဟန့်တားပိတ်ပင်ပြီးကွမ်းရွက်ကိုအပေါက်ဖောက်ခအ မျက်စိတစ်ဝိုက် ကပ်ပေးပါက မျက်စိမှုန် မျက်စိအားနည်းခြင်းဝေဒနာများကိုသက်သာပျောက်ကင်းစေပါ။
၂၃။ကွမ်းရွက်ကို နားထင်၊ မျက်ခုံးရိုးပေါ်တွင် ကပ်ပေးပါက မျက်ရိုးကိုက်ဝေဒနာ၊ ခေါင်းကိုက်၊ ဇက်ကြောထိုးရောဂါများ သက်သာစေသည်။
၂၄။ကွမ်းရွက်ကို ဆားအနည်းငယ်နှင့်ရော၍ ချေွပေးပိုစရရှိသော ကွမ်းရွက်စိမ်းရည်ကို မျက်စဉ်းခပ်ပေးပါကလည်း သက်သာစေပါသည်၊
၂၅။ကွမ်းရွက်ကို မီးကင်လော့ ရင်ဘတ်၊ ရင်ခေါင်းတွင် ကပ်ပေးကလေးများချောင်းဆိုး၊ ရင်ကျပ်ရောဂါသက်သာစေသည်။၊
၂၆။ကွမ်းရွက်ကို မီးကင်မှ အုန်းဆီသုတ်ကာ ကလေးငယ်ထိပ်တွင် ကပ်ပေးပါက နှာစေးခြင်းကို ပျောက်ကင်းစေသည်။
၂၇။ရင်ညွန့်၊ ရင်ဘတ်ကို ကပ်ပေးပါက ချွဲသလိပ်ကပ်ခြင်းကို ပျောက်ကင်းစေသည်။
၂၈။ ကွမ်းရွက်သတ္တုရည်ကို ပျားရည်နှင့် ဆတူရောခါ အစာမကြေ၊ လေနာ၊ ဝမ်းပျက်ခြင်းရောဂါအတွက် တိုက်ကျွေးပေးပါ။
၂၈။ကွမ်းရွက်သတ္တုရည်ကို ဆားအနည်းငယ်ခပ်ရန် တိုက်ကျွေးပါက ကလေးချောင်းဆိုး၊လည်ချောင်းပူရောဂါကို သက်သာစေသည်။
၂၉။ကွမ်းရွက်သတ္တုရည်ကို ချင်းပြုတ်ရည်ရောတုတ် ဆားအနည်းငယ်ခပ်ကာ တိုက်ကျွေးပါကကလေးများ ကြက်ညှာချောင်းဆိုးကိုပျောက်ကင်းစေသည်။ ၂၉။ကွမ်းရိုးကိုနှမ်းဆီသုတ်ကာကလေး၏စအိုအတွင်းထိုးခါဝမ်းချူပေးပါ။
၃၀။အညှီအဟောက်၊ အပုပ်အစပ်အနံ့များ လက်တွင်စွဲပါက ကွမ်းရွက်ကို လက်တွင် ပွတ်ချေပေး ပိန်များပျောက်ကင်းစေသည်။
၃၁။အနံပြင်းသော ဒညင်းသီး၊ ဒူးရင်းသီးများ စားပြီးပါကကွမ်းရွက်ကိုဝါး၍အရည်ကိုမျိုချခါပိန်များပျောက်ကင်းစေသည်။
အသီးရွက်မှ ထုတ်ယူရရှိသောပေါင်းခံရည် တစ်စက်ကိုရေ ၁
၃၂။ခံတွင်းပျက် အော့အန်ခြင်းများအတွက် ကွမ်းရွက်ကို ကွမ်းစားဂမုန်းဥနှင့် ညက်စွာရောကြိတ် တုတ် အရွယ်အားလုံးကာနေ့စဉ် တစ်လုံးစားပေးပါကအထက်လူကြီး၏ခံတွင်းအနံမကောင်းခြင်းကိုလည်း ပျောက်ကင်းစေသည်။
၃၃။အအေးမိ နှာစေးက ကွမ်းရွက်၊ ချင်းနှင့် ထန်းလျက်ကိုရောပြုတ်ပြီး ကျိုချက်ပြီး ပူပူသောက်ပေးပါကသက်သာစေ သည်။
၃၄ကိုယ်ခန္ဓာပူရှိန်းရှိန်းဖြစ်နေပြီးမျက်စိမဝချင်လောက်အောင်လေးလံထိုင်းမှိုင်းနေပါကကွမ်းရွက်သတ္တုရည်ကို မျက်စဉ်းခပ်ပေးပါ။
၃၅။ကွမ်းရွက်၊ မိန့်ဒလွန်ရွက်ပြုတ်ရည်တွင်ဆားအနည်းငယ် တုတ်၊
၃၆။ကွမ်းရွက်ကိုပြုတ် ကျက်ခိုးနှင့်ဖျော်သောက်ပါကအဖျားကြီးရောဂါကိုပင် ပျောက်ကင်းစေသည်။
၃၇။ကွမ်းရွက်ကို ထန်းလျက်၊ ချင်း၊ နနွင်းနှင့်ရော၍ ကျိုကာ ဆားအနည်းငယ်သောက်ပါက အပူကြီးဖျားနာများအတွက်
ကွမ်းရွက်ကို နွင်း၊ မြက်မုန်ညင်းကြပ်ခိုးနှင့် အတူရောတုတ်လုပ်ကာရေနွေးနှင့် သောက်ရည် ရာသီအကူူးအပြောင်း ဖျားနာများအတွက် โทนความคิดเห็น ဆေး
၃၈။ကွမ်းရွက်နှင့်ပင်စိမ်းရွက်ရောကြိတ်၍လာသော အရည်ကို ဇွန်းတစ်ဇွန်းတွင် ဆားမီးဖုတ်နှင့် သောက်ပါက ပန်းနာရင်ကြပ်ရောကို သက်သာစေသည်။
၃၉။ကွမ်းရွက်စိမ်းရည်နှင့် ချင်းပြုတ်ရည်ကိုရော စေလော့ ကွမ်းရွက်ကို လက်ဖြင့်ချေသည် ဘယ်ဘက်ရင်အုံပေါ်တွင် ကွမ်းရွက်ကို တံတွေးဆွတ်ကပ်ပေး နှလုံးတုန်၊ မူးဝေ၊ ထိုင်းမှိုင်းခြင်းကိုသက်သာစေသည်။
၄၀။ကလေးအမေ နို့ရည်တင်းတုတ် ကိုက်ခဲခဲ့သော် ကွမ်းရွက်ကိုဆီသုတ် နို့ချောင်းပိတ်ရောဂါ၊နို့ကျိတ်ရောင်ရောဂါများအတွက်ပါသက်သာစေသည်။
၄၁။ကွမ်းရွက်သတ္တုရည်ကို နွယ်ချိုစျေး၊ ဆားအနည်းငယ်ရောစွက်တိုက်ပါကချောင်းဆိုးအသံဝင်ခြင်းကိုသက်သာစေသည်၊
၄၂။ကွမ်းရွက်စိမ်းရည်နှင့် ခတက်ရွက်ရည်တို့ကို ဆတူရောနော်ထောပတ် အနည်းငယ်ကာ တစ်နေ့တစ်ကြိမ် တစ်ဇွန်းနှုန်းနှင့် တစ်နေ့သုံးကြိမ်သောက်ပါကအဆစ်ရောင်ရောဂါများကို သက်သာစေသည်။
အချို့သောရောဂါများအတွက် တိုင်းရင်းဆေးများဖော်စပ်ရာတွင်လည်း အမယ်တစ်မျိုးဖြစ် ရည်ညွှန်းဖော်စပ်ကြသည်။
သတိထားရမယ့် အချက်များ
..
ကွမ်းရွက်နဲ့ အရင်က ဓာတ်မတည့်တာ ဖြစ်ဖူးသူတွေ၊ အရေပြားပြဿနာရှိသူတွေက သတိထားပြီး သုံးစွဲသင့်ပါတယ်။ မသုံးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
ဘေးထွက်ဆိုးကျိုး
..
ကွမ်းရွက်ကို အရေပြားပေါ်မှာ သုံးတာက များသောအားဖြင့် ပြဿနာ မရှိပါဘူး။ ဒါပေမယ့် ကွမ်းရွက်နဲ့ ထိတွေ့ပြီး ယားယံတာ၊ အင်ပျဉ်ထတာတွေ ဖြစ်လာရင်တော့ သုံးစွဲမှုကို ရပ်တန့်သင့်ပါတယ်။
အကိုးကား
..
1.Source - My Food Myanmar
2.
https://greenwaymyanmar.com/posts/health_benefits_of_betel_leaf
3.
https://hellosayarwon.com/skin-health/skin-care-cleansing/beauty-uses-of-betel-leaves/
4.စိုက်ပျိုးရေး
No comments yet.