Aloka (အာလောက) အလင်းရောင်
လို့ အမည်ရတဲ့ ခွေးလေးဟာ အမေရိကန်နိုင်ငံ Walk for Peace ခရီးစဉ် ... See More
Aloka (အာလောက) အလင်းရောင်
လို့ အမည်ရတဲ့ ခွေးလေးဟာ အမေရိကန်နိုင်ငံ Walk for Peace ခရီးစဉ် တစ်လျှောက်
မှာ ဘုန်းတော်ကြီးတွေနဲ့အတူ လမ်းလျှောက်လိုက်ပါ နေ ပြီးလူတိုင်းရဲ့စိတ်နှလုံးကို စွဲဆောင် နေတယ့်ခွေးလေးတစ်ကောင်ဖြစ်ပါတယ်။
Aloka အာလောက ကို “Peace Dog” (ငြိမ်းချမ်းရေး ခွေး) လို့လည်း လူတွေ ခေါ်ကြပါတယ်။
သူဟာ အိန္ဒိယ က လမ်းဘေး ခွေး တစ်ကောင်ဖြစ်ပါတယ်။
ဘုန်းတော်ကြီးတွေနဲ့ အရင် Peace Walk တစ်ခုမှာ တွေ့ခဲ့ပြီး ကတည်းကထွက် မသွားတော့ ပဲ ဘုန်းတော်ကြီးတွေ နဲ့ အတူ သွားနေခဲ့တာ ပါ။
အခုတော့ သူဟာ အမေရိကန် တခွင် ဖခင်လို ဘုန်းတော်ကြီးတွေနဲ့ ကနေ့Walk for Peace ခရီးကို အတူတူ လျှောက်နေပါတယ်။
Walk for Peace ခရီးဟာ Fort Worth, Texas ကနေ Washington, D.C. ထိ အမေရိကန်ကို 10 ပြည်နယ်ကျော်လမ်းလျှောက် သွားတဲ့ 2,300 မိုင် လမ်းခရီးဖြစ်ပြီး ~120 ရက်ကြာ ဆက် ရမှာပါ။.
ရာသီဥတုက ကြမ်းပါတယ်..ခရီးလည်းဝေးပါတယ်...လမ်းမှာ ကားတိုက်ခံရလိုက်ပါသေးတယ်.. သူ့သခင် ဘုန်းတော်ကြီး ကို မခွဲမခွာလိုက်နေတယ့်Aloka ကို လူတွေ အွန်လိုင်းပေါ်မှာ
#AlokathePeaceDog. လို့ hashtag ဖြင့် ရေပန်းစားလာပြီး *မီဒီယာတွေ၊ follower အများကြီး အားပေးနေပါတယ်။
သူ့ရဲ့သွားနေပုံ၊ တစ်နေ့တစ်နေ့ လှုပ်ရှားပုံများ ကို Walk for Peace စာမျက်နှာတွင် သတင်းများအဖြစ်ထုတ်လုပ်ပါတယ်။
Aloka ရဲ့ မျက်လုံး နှစ်ဖက်ကြား နှလုံးပုံအမှတ်ကြောင့် လူအများ သတိထား သဘောကျ ပြီး ချစ်ခင်မှု၊ သစ္စာနှင့် ငြိမ်းချမ်းရေး သင်္ကေတ အဖြစ် သတ်မှတ်ခံထားပါတယ်။
ခရီးအတွင်း တစ်ချို့နေ့တွင် လမ်းလျှောက်၊ တစ်ချို့နေ့တွင် ယာဉ်ပေါ်တက် အနားယူ၍ ချစ်စရာ ကောင်းနေပါတယ်။
အလောက ဟာလမ်းမှာ ကားတိုက်ခံရလိုက်ပါသေးတယ်..
သူ့ရဲ့ အဝတ်အစားတွေ (အနီ၊ အဖြူ ချောမောလှတဲ့အဝတ်) ကြောင့်လည်း လူအများ ဆွဲဆောင်မှု တိုးတဲ့အပြင် လမ်းပေါ်မှာ “ရုပ်ရှင်မော်ဒယ်လို” လည်း ဖြစ်နေပါတယ်။
Aloka ဟာ စကားမပြောတတ်ပေမင့်
ချစ်ခြင်းမေတ္တာ
သစ္စာနှင့် လေးစားမှု
လူတိုင်းအတွက် ငြိမ်းချမ်းရေးတောင်းဆိုမှု
ကို ကိုယ်စားပြုနေတဲ့ ကြားညီ ကိုစိတ်ရင်းလက္ခဏာ တစ်ခုလို့လည်း တွေးနိုင်ပါတယ်။
Aloka ရဲ့ fb account ပါ
https://www.facebook.com/share/1C4qeaXnCd/
Google
No comments yet.