နောက်ထပ် ၇၂ နာရီ- ကမ္ဘာ့အစီအစဉ်သစ်အတွက် အဆုံးအဖြတ်ပေးမယ့် အချိန်လား?
ကမ္ဘာကြီးကအခု အရမ်းက... See More
နောက်ထပ် ၇၂ နာရီ- ကမ္ဘာ့အစီအစဉ်သစ်အတွက် အဆုံးအဖြတ်ပေးမယ့် အချိန်လား?
ကမ္ဘာကြီးကအခု အရမ်းကိုအရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုထဲ ရောက်နေပါပြီ။ တကယ်လို့ အမေရိကန်က ကမ္ဘာ့ရေနံအများဆုံးထွက်တဲ့ ဗင်နီဇွဲလား ကိုသာ စိတ်ကြိုက်ထိန်းချုပ်နိုင်သွားမယ်ဆိုရင် ကမ္ဘာ့အာဏာချိန်ခွင်လျှာက အကြီးအကျယ် ပြောင်းလဲသွားမှာပါ။
ဒါက ဒီမိုကရေစီရေး ဒါမှမဟုတ် လူ့အခွင့်အရေးထက်စာရင် စွမ်းအင်နဲ့ ကမ္ဘာ့ကုန်သွယ်ရေး ကို ဘယ်သူကြီးစိုးမလဲဆိုတဲ့ တိုက်ပွဲပဲ ဖြစ်ပါတယ်။
အီရန်ဟာ နောက်ထပ်ပစ်မှတ် ဖြစ်လာနိုင်တယ်
ဗင်နီဇွဲလားရဲ့ ရေနံကို အမေရိကန်က ထိန်းချုပ်လိုက်နိုင်ရင် ပင်လယ်ကွေ့နိုင်ငံတွေအပေါ် မှီခိုနေရတာကို လျှော့ချနိုင်သွားမယ်။ ဒါဆိုရင် -အီရန်နဲ့ စစ်ဖြစ်လာရင်ပဲဖြစ်ဖြစ်၊ ပါရှန်ပင်လယ်ကွေ့မှာ ရေနံလမ်းကြောင်း ပြတ်တောက်သွားရင်ပဲဖြစ်ဖြစ် အမေရိကန်အတွက် အထိနာမှာ မဟုတ်တော့ဘူး။စစ်ရေးအရ ဖိအားပေးဖို့ အမေရိကန်အတွက် ပိုပြီး လက်ရဲဇက်ရဲ ရှိလာစေမှာပါ။
ရေနံစီးဆင်းမှုကို ထိန်းချုပ်နိုင်တာဟာ ရေနံဈေးနှုန်းကို လွှမ်းမိုးနိုင်တာဖြစ်သလို၊ အမေရိကန်ဒေါ်လာနဲ့ပဲ ရေနံရောင်းဝယ်တဲ့စနစ် (Petrodollar) ကို ကာကွယ်ပြီး သူတို့ရဲ့ ဘဏ္ဍာရေးအာဏာကို ဆက်ထိန်းထားနိုင်မှာပါ။
စီးပွားရေးပိတ်ဆို့မှုနဲ့ စစ်ရေးဖိအားတွေ သုံးပြီး နိုင်ငံတစ်နိုင်ငံကို သူတို့အလိုကျ ဘယ်လိုပုံဖော်လို့ရလဲဆိုတာ ကမ္ဘာကို ပြလိုက်သလို ဖြစ်သွားပါလိမ့်မယ်။
တကယ်လို့ ဗင်နီဇွဲလားမှာ အမေရိကန်က ရေရှည် ခုခံမှုတွေနဲ့ ကြုံရမယ်ဆိုရင် -
* သူတို့ရဲ့ ငွေကြေးနဲ့ စစ်အင်အားတွေ အများကြီး ကုန်ဆုံးသွားမယ်။
* အရှေ့အလယ်ပိုင်းမှာ အာဏာပြနိုင်စွမ်း လျော့နည်းသွားမယ်။
* အမေရိကန်ရဲ့ မဟာမိတ် အစ္စရေးရဲ့ မဟာဗျူဟာအစီအစဉ်တွေကိုပါ ထိခိုက်လာနိုင်ပါတယ်။
🔚 အနှစ်ချုပ် သုံးသပ်ချက်
ကာရာကတ်စ် (ဗင်နီဇွဲလားမြို့တော်) မှာ ဖြစ်ပျက်သမျှဟာ လက်တင်အမေရိကမှာတင် ပြီးသွားမှာမဟုတ်ပါဘူး။ ဒါဟာ ကမ္ဘာ့စွမ်းအင်ထိန်းချုပ်မှု၊ အမေရိကန်ရဲ့ အာဏာ အတိုင်းအတာနဲ့ နောက်ထပ်ဖြစ်လာမယ့်နိုင်ငံရေး တိုက်ပွဲတွေရဲ့ လားရာကို အဆုံးအဖြတ် ပေးသွားမှာပါ။
တကယ်တော့ အမေရိကန်ဟာ ထိုင်ဝမ်အတွက် တိုက်ပွဲကို ပုံစံတစ်မျိုးနဲ့ စတင်နေပြီလို့ ဆိုရမှာပါ။
ဗင်နီဇွဲလားရဲ့ ရေနံအများစုက တရုတ်ကို သွားနေတာပါ။ အမေရိကန်ကသာ ထိန်းချုပ်လိုက်ရင် တရုတ်ရဲ့ စွမ်းအင်ရရှိမှုကို ချက်ချင်း အဟန့်အတား ဖြစ်စေမှာပါ။ပင်လယ်နီ သင်္ဘောလမ်းကြောင်းကို ပိတ်ဆို့ခြင်း
Somaliland နဲ့ South Yemen လို အဖွဲ့အစည်းတွေကို ထောက်ခံအားပေးတာဟာ ပင်လယ်နီကနေတစ်ဆင့် တရုတ်ရဲ့ သွင်းကုန်ထုတ်ကုန် လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ဒီအစီအစဉ်တွေအရ နောက်ထပ်ပစ်မှတ်ကတော့ အာရေဗျပင်လယ်ကွေ့ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
⚠️ တတိယကမ္ဘာစစ် (WW3) ဟာ လက်တွေ့မှာ အမေရိကန်က စတင်နေပြီလို့ ယူဆနိုင်ပါတယ်။အခု တစ်ကမ္ဘာလုံးက တရုတ်က ဘယ်လို တုံ့ပြန်မလဲဆိုတာကို အသက်ရှူအောင့်ပြီး စောင့်ကြည့်နေကြရပါပြီ။
အားလုံးပဲ ဒီလို ကမ္ဘာ့အခြေအနေ မတည်ငြိမ်တဲ့ကာလမှာ ဘေးကင်းအောင် ဂရုစိုက်ကြပါဦး
Crd
0 comments
0 shares
1
views
No comments yet.