[ ဘုရားရှိခိုးတဲ့အခါ ]
~~~~~~~~~~~~~~
ကမ္ဘာပေါ်မှာ ခရစ်ယာန်၊ အစ္စလမ်၊ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူ... See More
[ ဘုရားရှိခိုးတဲ့အခါ ]
~~~~~~~~~~~~~~
ကမ္ဘာပေါ်မှာ ခရစ်ယာန်၊ အစ္စလမ်၊ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာရယ်လို့ ဘာသာကြီးလေးခုရှိပါတယ်။ ဒီဘာသာကြီးလေးခုမှာ ကိုယ်ယုံကြည်၊ကိုးကွယ်တဲ့ဘုရားကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှိခိုးကြပါတယ်။ ဗုဒ္ဓဘာသာဝင် တို့ဒကာ၊ ဒကာမတွေလည်း ဘုရားဖြစ်ကြတယ်။ ဘုရားရှိတဲ့အခါ သိထားသင့်တဲ့ အချက် (၅)ချက်ကို မျှဝေချင်ပါတယ်။
အော်။ အရှင်ဘုရားရယ် ဘုရားခိုးတာပဲ အချက် (၅)တောင် သိဖို့လိုပါသလားလို့ မေးစရာရှိတာပေါ့။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေအဖို့တော့ မဖြစ်မနေ သိထားရမည့်အချက်မဟုတ်သည့်တိုင်အောင်၊ သိသင့်သိထိုက်တဲ့အချက်တွေဖြစ်ပါတယ်။
နံပါတ် (၁) အနေနဲ့၊ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတို့ကို အရင်ရှိခိုးဦးချကန်တော့ပါ။
နံပါတ် (၂) အနေနဲ့က အပါယ်ဖျက်ရပါတယ်။ ဒီအချက်က လူတိုင်းသိတာမျိုးမဟုတ်ပါဘူး။ အပါယ်ဖျက်တာက ဘယ်လိုမျိုးလဲဘုရား။ ဘယ်လိုဖျက်ရမလဲဘုရားဆိုရင်တော့၊
“ယခုဘဝ၊ ဘဝအဆက်ဆက်က တော်စပ်ခဲ့ကြသော မိဘ ဘိုးဘွားများ၊ ဆရာသမားများ၊ မပြစ်များသင့်တဲ့ ပုဂ္ဂိုလ်တွေကို ပြစ်မှားမိသည်ရှိသော် ရှိခိုးဝန်ချတောင်းပန်ပါ၏” လို့ ရှိခိုးတောင်းပန်ရင် လောလောဆယ် ပိတ်နေတဲ့ လာဘ်တွေပွင့်မယ်။
တောင်းပန်ရင်ဘာကြောင့်ကျေအေးလဲ? လို့ မေးစရာတစ်ခုတိုးလာတယ်။ နားလည်အောင်ပြောပြရရင်၊ မင်းသားကြီးကျော်ဟိန်း ရိုက်ထားတဲ့ “ဒေါင်းယောင်ဆောင်သောကျီး” ဇာတ်ကားမှာလိုပါပဲ၊ ရဟန္တာကို ပြစ်မှားလို့ ယောက်ျားကနေ မိန်းမအဖြစ်ပြောင်းသွားတာလေ။ မိန်းမဖြစ်တဲ့ဘဝမှာပဲ ရဟန္တာကိုတောင်းပန်လိုက်တော့ ယောက်ျားပြန်ဖြစ်သွားတယ်။
ဒီမှာ ပြောချင်တာက အဲဒီယောက်ျားပြစ်မှားတာကို ရဟန္တာတောင် မသိလိုက်ဘူး။ မနောကံလို့ခေါ်တဲ့ စိတ်ထဲကနေပဲ ပြစ်မှားမိတာပါ။ ဒါကြောင့် ကိုယ်က သိလို့ပဲဖြစ်စေ၊ မသိလို့ပဲဖြစ်စေ၊ ကာယကံ၊ ဝစီကံ၊ မနောကံ၊ ကံတစ်ခုခုနဲ့ ပြစ်မှားမိတာကို တောင်းပန်ရပါမယ်။
နံပါတ် (၃)က မိမိကိုယ်ကို မေတ္တာပို့ပါ။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ တို့ဒကာ၊ ဒကာမတွေ ကျန်းမာ၊ ချမ်းသာပါမှ၊ ဘုရားအလုပ် လုပ်နိုင်မယ်။ တရားအလုပ် လုပ်နိုင်မယ်။ အူမတောင့်မှ သီလ စောင့်နိုင်မယ် မဟုတ်လား။
နံပါတ် (၄) က တို့ဒကာ၊ ဒကာမတွေ လုပ်နေကျအတိုင်း ပုတီးစိပ်၊ ဘုရားစာရွတ်၊ မေတ္တာပွားပါ။
နံပါတ် (၅)က သစ္စာဆို အမျှဝေပါ။ ဒီနောက်ဆုံးအချက်က တို့ဒကာ၊ ဒကာမတို့ ပြုလုပ်လိုက်တဲ့ ကုသိုလ်ကောင်းမှုတိုင်းကို သစ္စာဆို အမျှဝေရပါတယ်။ ဥပမာ- ဘုရားပန်းလှူတာဖြစ်ဖြစ်၊ တိရစ္ဆာန်တွေကို အစာကျွေးတာဖြစ်ဖြစ် အလှူ သို့မဟုတ် ကောင်းမှုလုပ်တိုင်းလုပ်တိုင်းမှာ သစ္စာဆို အမျှဝေလို့ရပါတယ်။
ဘယ်လိုသစ္စာဆို အမျှဝေရမလဲဆိုတော့၊ တို့ဒကာ၊ ဒကာမတွေ ဘုရားပန်းကပ်တဲ့အခါ၊ ဘုရားတပြည့်တော်( ကျွန်တော်၊ ကျွန်မလို့ သုံးလည်းရပါတယ်။) ဘုရားပန်းကပ်လှူပါတယ်။ ဒီဘုရားပန်း ကပ်လှူတာ မှန်ပါတယ်ဆိုတာကို သစ္စာဆိုပါတယ်။ ဒီသစ္စာစကားမှန်ကန်ပါက ဘုရားပန်းကပ်လှူရတဲ့ ကုသိုလ်ကောင်းမှုကို အထက်ဘဝဂ် အောက်အဝီစိအထိ သုံးဆယ့်တစ်ဘုံ ကျင်လည်နေကြတဲ့ သုခိတ၊ ဒုက္ခိတ သတ္တဝါအပေါင်းတို့အား အမျှဝေပါ။ လို့ အမျှပေးဝေလိုက်ပါ။
ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေဝင်တွေဖြစ်တဲ့ တို့ဒကာ၊ ဒကာမတွေ ဘုရားရှိခိုးတဲ့အခါ ဒီအချက် (၅)ချက်နဲ့ ကန်တော့တတ်ကြစေဖို့ မျှဝေပေးလိုက်ပါတယ်။ ဒီနေ့ကစလို့ ဒီငါးချက်နဲ့ ဘုရားရှိခိုးကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
#ဓမ္မရသ
#အားလုံးကျန်းမာ_ဘေးရန်ကွာ_ချမ်းသာကြပါစေ။
#အားလုံးကျန်းမာ_ဘေးရန်ကွာ_ဝမ်းသာကြပါစေ။
No comments yet.