ဗင်နီဇွဲလားကို အမေရိကန် အုပ်ချုပ်မယ်လို့ ဒေါ်နယ်ထရမ့် ပြော
အေတီ/BVJ_ဒီဇင်ဘာ၃၊၂၀၂၆
ဗင်နီ... See More
ဗင်နီဇွဲလားကို အမေရိကန် အုပ်ချုပ်မယ်လို့ ဒေါ်နယ်ထရမ့် ပြော
အေတီ/BVJ_ဒီဇင်ဘာ၃၊၂၀၂၆
ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကက်စ် ထဲကို ရဟတ်ယာဥ်နဲ့ဝင်ပြီး သမ္မတ နီကိုလစ်မာဒူရို ကို ဖမ်းဆီးခဲ့ပြီးနောက် အမေရိကန်က ဗင်နီဇွဲလားကို အုပ်ချုပ်မယ်လို့ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။
"ဘေးကင်းလုံခြုံပြီး သင့်လျော်တဲ့၊ တရားမျှတတဲ့ အသွင်ကူးပြောင်းရေး လုပ်ဆောင်နိုင် တဲ့အချိန်အထိ ဗင်နီဇွဲလားနိုင်ငံကို ကျွန်တော်တို့ အုပ်ချုပ်သွားမှာပါ" လို့ ဖလော်ရီဒါပြည်နယ် မာ-အာ-လာဂိုမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံက အခြေခံအဆောက်အအုံတွေ “ပြုပြင်”ဖို့နဲ့ နှင့် “ငွေရှာရန်”အတွက် အမေရိကန် ရေနံကုမ္ပဏီတွေ ဗင်နီဇွဲလားနိုင်ငံကို စေလွှတ်မယ်လို့လဲ သူ့မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့ပါတယ်။ ပြီးတော့ လိုအပ်လာရင်လဲ ဗင်နီဇွဲလားကို ဒုတိယအကြိမ်တိုက်ခိုက်မှုလုပ်မယ်လို့ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါသေးတယ်။
"အာဏာရှင်နဲ့ အကြမ်းဖက်သမား မာဒူရိုရဲ့ အချန်က ပြီးဆုံးသွားပြီ။ နောက်ဆုံးတော့ ဗင်နီဇွဲလား ပြည်သူတွေ လွတ်မြောက်သွားပြီ။အမေရိကန်နိုင်ငံကလဲ ပိုလုံခြုံတဲ့နိုင်ငံဖြစ်သွားပြီ "လို့လည်း သူ့မိန့်ခွန်းထဲမှာထည့်ပြောခဲ့ပါတယ်။
ဗင်နီဇွဲလားကို တိုက်ခိုက်မယ့် စစ်ဆင်ရေးကို လနဲ့ချီ စီစဥ်ထားတာဖြစ်ကြောင်း ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Dan Caine က အထက်ပါသတင်း စာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ အမေရိကန် မရိမ်းတပ်က ဟယ်လီကော်ပတာတွေက ဒေသစံတော်ချိန် မနက်၁နာရီမှာ ကရာကက်စ်မြို့က မာဒူရိုရဲ့ ခြံဝင်းထဲကို ဆင်းပြီး မာဒူရိုတို့လင်မယားကို ဖမ်းခေါ်ခဲ့တာဖြစ်ပါတယ်။
မာဒူရိုရဲ့ ခြံထဲ ဟယ်လီကော်ပတာတွေဆင်းတဲ့အချိန်ကနေ သူတို့လင်မယားကို အမေရိကန်စစ် သင်္ဘော USS Iwo Jima ပေါ်ခေါ်လာတဲ့အချိန်က ၂နာရီခွဲမကြာဘူးလို့ ဗိုလ်ချုပ်ကြီး Dan Caine က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
0 comments
0 shares
4
views
No comments yet.