သမ္မတ မာဒူရို နဲ့ ဇနီးဖြစ်သူ အသက်ရှင်သေးကြောင်း အထောက်အထားပြဖို့ ဒုသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက... See More
သမ္မတ မာဒူရို နဲ့ ဇနီးဖြစ်သူ အသက်ရှင်သေးကြောင်း အထောက်အထားပြဖို့ ဒုသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်ဇ်ပြော
Connect Burma၊ ဇန်နဝါရီ ၃
သမ္မတ မာဒူရို နဲ့ ဇနီးဖြစ်သူ လက်ရှိမှာ ဘယ်နေရာကို ရောက်မှန်း မသိရသေးကြောင်း နဲ့ အမေရိကန် က ဖမ်းထားတယ်ဆိုရင် အသက်ရှင်သေးကြောင်း အထောက်အထားပြဖို့ ဗင်နီဇွဲလား ဒုသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်ဇ်ပြောကြားလိုက်ပါတယ်။
ဗင်နီဇွဲလား နိုင်ငံပိုင်ရုပ်သံလိုင်းက တစ်ဆင့် ဒုတိယသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်ဇ်မာဒူရို နဲ့ ဇနီးဖြစ်သူ ဖလောရက်စ်တို့ကို အမေရိကန် ဖမ်းဆီးသွားကြောင်း တိုက်ရိုက်အတည်မပြုပေမယ့် လက်ရှိအချိန်ထိ သမ္မတ နဲ့ ဇနီးဖြစ်သူ ဘယ်နေရာမှာ ရှိတယ်ဆိုတာ မသိကြောင်း ပြောဆိုခဲ့ပါတယ်။
မာဒူရိုရဲ့ အရင်းနှီးဆုံး မဟာမိတ်တစ်ဦးဖြစ်သူ ရိုဒရီဂွက်ဇ်က “ သူတို့ ဇနီးမောင်နှံကို ဖမ်းဆီးထားတာ မှန်ရင် အသက်ရှင်သေးကြောင်း အထောက်အထားကိုချက်ချင်းပြပါ” လို့ လည်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ရိုဒရီဂွက်ဇ်က အမေရိကန် စစ်တပ်ဟာ အပြစ်မဲ့ ဗင်နီဇွဲလား ပြည်သူတွေ ဖြစ်တဲ့ အမျိုးသား၊ အမျိုးသမီး နဲ့ ကလေးငယ်တွေကို သတ်ဖြတ်နေတယ်လို့ ပြောပါတယ်။
အလားတူပဲ ကျူးကျော်စစ်ရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို သုံးသပ်သွားမယ်လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
အမေရိကန် စစ်တပ်ဟာ ဗင်နီဇွဲလား နိုင်ငံကို အာရုက်မတက်မီ မနက်အစောပိုင်း စတင်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး သမ္မတ မာဒူရိုနဲ့ ဇနီးဖြစ်သူကို ဖမ်းဆီးကာနိုင်ငံပြင်ပကို ခေါ်ဆောင်သွားပြီဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ လူမှုကွန်ရက်မှာရေးသားထားခဲ့ပါတယ်။
ဗင်နီဇွဲလားအစိုးရရဲ့ ထုတ်ပြန်ချက်ထဲ မှာ ဒါဟာ ဝါရှင်တန်ရဲ့ အလွန်ပြင်းထန်တဲ့ စစ်ရေးကျူးကျော်မှုလို့ ပြောဆိုထားပြီး လက်တင်အမေရိက ဒေသတစ်ခုလုံးကို ပရမ်းပတာဖြစ်အောင် လုပ်ဆောင်နေတာလို့ ထုတ်ပြန်ထားပါတယ်။
"ဒီနယ်ချဲ့ကျူးကျော်မှုကို ကျော်လွှားအနိုင်ယူဖို့ တစ်နိုင်ငံလုံး အင်အားစုစည်းရပါမယ်"လို့လည်း ဒုသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်ဇ်ပြောကြား
ဗင်နီဇွဲလားအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ကရာကတ်စ်မြို့အပြင် မီရန်ဒါ (Miranda)၊ လာဂွိုင်ရာ (La Guaira) နဲ့ အာရာဂွာ (Aragua) ပြည်နယ်သုံးခုတို့ပါ တိုက်ခိုက်ခံခဲ့ရကြောင်း အတည်ပြုခဲ့ပါတယ်။
ဗင်နီဇွဲလား ရဲ့ အိမ်နီးချင်း ကိုလံဘီယာနိုင်ငံရဲ့ သမ္မတ ဂူစတာဗို ပက်ထရိုက ဗင်နီဇွဲလားနိုင်ငံသည် တိုက်ခိုက်ခံနေရပြီဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့ပါတယ်။
"အခုအချိန်မှာ သူတို့ဟာ ကရာကတ်စ်မြို့ကို ဗုံးကြဲနေကြပြီ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာပါ" လို့ ဂူစတာဗို ပက်ထရိုက X လူမှုကွန်ရက်ရေးသားခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အရေးပေါ်အစည်းအဝေး ချက်ချင်းခေါ်ယူရန် တောင်းဆိုထားပါတယ်။
#ConnectBurma #Explosions #Venezuelan #Caracas #USArmy
No comments yet.