ဗင်နီဇွဲလားအပေါ် အမေရိကန်ရဲ့ တိုက်ခိုက်မှုကို စိုးရိမ်သလို ကန့်ကွက်ရှုတ်ချဟု ရုရှားပြော
၃ ... See More
ဗင်နီဇွဲလားအပေါ် အမေရိကန်ရဲ့ တိုက်ခိုက်မှုကို စိုးရိမ်သလို ကန့်ကွက်ရှုတ်ချဟု ရုရှားပြော
၃ ဇန်နဝါရီ ၂၀၂၆
လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလားအပေါ် အမေရိကန်ရဲ့ စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်မှုကို စိုးရိမ်မိသလို ကန့်ကွက်ရှုတ်ချကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ဖို့ ခိုင်လုံတဲ့ အကြောင်းတရား မရှိဘဲ အမေရိကန်က တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဗင်နီဇွဲလား ပြည်သူတွေနဲ့အတူ စည်းလုံးညီညွတ်စွာ ရပ်တည်သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ဖို့ တောင်းဆိုချက်တွေကိုလည်း ထောက်ခံတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဗင်နီဇွဲလား ပြည်တွင်းရေးကို ပြည်ပက ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်သင့်သလို လက်တင်အမေရိကန်ဟာ ငြိမ်းချမ်းရေးဇုန်တခုအဖြစ် ဆက်လက် တည်ရှိနေရေးဟာ ရုရှား အစိုးရရဲ့ မူဝါဒဖြစ်တယ်လို့လည်း သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်က ဖမ်းဆီးသွားတဲ့ ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုနဲ့ ပတ်သက်လို့တော့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်မှာ တစုံတရာ ဖော်ပြမထားပါဘူး။
#BNN
No comments yet.