မာဒူရို ဖမ်းခံရပြီးနောက် အောင်ပွဲခံနေသည့် ဗင်နီဇွဲလားနိုင်ငံသားများ
*******************
ဗ... See More
မာဒူရို ဖမ်းခံရပြီးနောက် အောင်ပွဲခံနေသည့် ဗင်နီဇွဲလားနိုင်ငံသားများ
*******************
ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို ဖမ်းဆီးခံရပြီဆိုသည့်သတင်း ပြန့်နှံ့သွားပြီးနောက် မြို့တော်ကာရာကတ်စ် အပါအဝင် နိုင်ငံအနှံ့အပြားတွင် အစိုးရကို ဆန့်ကျင်သူ ထောင်ပေါင်းများစွာ လမ်းမပေါ်ထွက်ကာ အောင်ပွဲခံခဲ့ကြသည်။
ပြည်သူများသည် နိုင်ငံတော်အလံများကို ဝှေ့ယမ်းကာ ကခုန်ခြင်း၊ ကားဟွန်းများတီးခြင်းနှင့် "လွတ်လပ်ပြီ" ဟု ကြွေးကြော်ခြင်းများဖြင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ ခံစားခဲ့ရသည့် စီးပွားရေးပျက်သုဉ်းမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုများအဆုံးသတ်ရန် မျှော်လင့်ချက်ဖြင့် ဝမ်းသာမျက်ရည်ကျနေကြသည်။
ဗင်နီဇွဲလား ပြည်တွင်း၌သာမက အမေရိကန်နိုင်ငံ မိုင်ယာမီမြို့နှင့် ကိုလံဘီယာနိုင်ငံတို့တွင် ရောက်ရှိနေကြသည့် ဗင်နီဇွဲလား စစ်ပြေးဒုက္ခသည်များနှင့် ရွှေ့ပြောင်းအခြေချသူများသည်လည်း လမ်းမပေါ်ထွက်ကာ အောင်ပွဲခံခဲ့ကြသည်။ နှစ်ပေါင်းများစွာ မိသားစုနှင့် ဝေးကွာနေရသည့် ပြည်ပရောက် ဗင်နီဇွဲလားသားများအတွက် ဤဖမ်းဆီးမှုသည် ၎င်းတို့၏ နေရပ်ဌာနေသို့ ပြန်နိုင်တော့မည့် အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်နေကြပြီး နိုင်ငံတကာအသိုက်အဝန်းသို့လည်း အားတက်သရော သတင်းစကားများ ပါးခဲ့ကြသည်။
လက်ရှိတွင် အာဏာရှင်ဟောင်း မာဒူရို ဖမ်းဆီးခံရမှုကြောင့် ပြည်သူများ အောင်ပွဲခံနေကြသော်လည်း နိုင်ငံ၏ ရှေ့ဆက်ရမည့် အနာဂတ်အတွက် စိုးရိမ်မှုအချို့ ရှိနေဆဲဖြစ်သည်။ အောင်ပွဲခံနေသည့် လူအုပ်ကြီးက နိုင်ငံအတွင်း ကျန်ရှိနေသေးသည့် မာဒူရို၏ လက်ပါးစေများနှင့် အစိုးရသစ္စာခံတပ်ဖွဲ့များ၏ အန္တရာယ်ကို သတိပြုနေကြသလို၊ အမြန်ဆုံး ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းကာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပပေးရန် တောင်းဆိုမှုများလည်း မြင့်တက်လျက်ရှိသည်။
ဓာတ်ပုံ- ရိုက်တာ Live
MPA
03-01-2026
0 comments
0 shares
6
views
No comments yet.