ဘားအံ၊ ဝတ်ကြီးကျေးရွာ ဘောဆိပ်ကို စစ်ကောင်စီ Y12 ဖြင့် ဗုံးကြဲ၊ BGF တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပ... See More
ဘားအံ၊ ဝတ်ကြီးကျေးရွာ ဘောဆိပ်ကို စစ်ကောင်စီ Y12 ဖြင့် ဗုံးကြဲ၊ BGF တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
ဘားအံ၊ ဇန်နဝါရီ ၁၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်အနောက်ဘက်ကမ်းရှိ ဝတ်ကြီးကျေးရွာ ဘောဆိပ်တစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ BGF တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ (ဇန်နဝါရီ ၁၂) မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်က KNU တပ်မဟာ (၁) နယ်မြေဖြစ်သော ဝတ်ကြီးကျေးရွာရှိ ဘောဆိပ်ကို စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးသီး (၁၀) လုံးခန့် လာရောက်ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အခင်းဖြစ်ပွားရာနေရာတွင် ရှိနေသော BGF (နယ်ခြားစောင့်တပ်) တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပြီး၊ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို ဆေးကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဗုံးကြဲခံရသည့် ဘော (ကူးတို့) သည် KNU တပ်မဟာ (၇) နှင့် BGF ထိန်းချုပ်ရာ သိုက်တောဘက်ကမ်းမှ တပ်မဟာ (၁) နယ်မြေ ဝတ်ကြီးဘက်ကမ်းသို့ ကူးလာခြင်းဖြစ်ပြီး ဝတ်ကြီးဘောဆိပ်အရောက်တွင် ပစ်မှတ်ထား တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်။ အဆိုပါ ကူးတို့ဘော ပိုင်ရှင်မှာလည်း သိုက်တောဒေသခံတစ်ဦးဖြစ်ကြောင်း သိရသည်။
Ref: Salween Press
#MyanmarBreaking #LocalNews #HpaAn #KarenState #Airstrike #BGF #KNU
No comments yet.