ICJ တွင် ဂမ်ဘီယာ-မြန်မာ အမှု အနှစ်သာရပိုင်းဆိုင်ရာ ကြားနာပွဲ ဒုတိယနေ့ ဆက်လက်ပြုလုပ်၊ ဂမ်ဘီ... See More
ICJ တွင် ဂမ်ဘီယာ-မြန်မာ အမှု အနှစ်သာရပိုင်းဆိုင်ရာ ကြားနာပွဲ ဒုတိယနေ့ ဆက်လက်ပြုလုပ်၊ ဂမ်ဘီယာဘက်မှ အထောက်အထားခိုင်လုံစွာဖြင့် တင်ပြ
သည်းဟိတ်၊ ဇန်နဝါရီ ၁၃
နယ်သာလန်နိုင်ငံ၊ သည်းဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံအား လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားသော အမှု၏ အနှစ်သာရပိုင်းဆိုင်ရာ ကြားနာစစ်ဆေးမှု (Merits Hearing) ကို ယနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ပြုလုပ်လျက်ရှိသည်။
အဆိုပါ ကြားနာပွဲတွင် ဂမ်ဘီယာနိုင်ငံ ကိုယ်စားပြု ရှေ့နေများနှင့် တရားရေးဝန်ကြီး Dawda Jallow တို့က မြန်မာစစ်တပ်၏ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့မှုများသည် လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ချက် (Genocidal Intent) ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အထောက်အထားများဖြင့် တင်ပြလျှောက်လဲလျက်ရှိသည်။
"ဒီအမှုဟာ နိုင်ငံတကာ ဥပဒေရေးရာ စာရွက်စာတမ်း သက်သက်မဟုတ်ပါဘူး။ တကယ့်မြေပြင်မှာ ဖျက်ဆီးခံလိုက်ရတဲ့ လူ့အသက်တွေ၊ မိသားစုတွေအကြောင်း ဖြစ်ပါတယ်" ဟု ဂမ်ဘီယာ တရားရေးဝန်ကြီးက တရားရုံးတော်သို့ တင်ပြခဲ့သည်။
ယခု ကြားနာပွဲသို့ စစ်ကောင်စီဘက်မှ ကိုယ်စားလှယ်များဖြစ်သည့် ဦးကိုကိုလှိုင်နှင့် ဒေါက်တာသီတာဦးတို့ ဦးဆောင်သော အဖွဲ့လည်း လူကိုယ်တိုင် တက်ရောက်နေကြောင်း သိရသည်။
ဇန်နဝါရီ ၁၂ - ၁၅: ဂမ်ဘီယာနိုင်ငံဘက်မှ ဦးတိုက်လျှောက်လဲချက် ပေးမည်။
ဇန်နဝါရီ ၁၆ - ၂၀: မြန်မာနိုင်ငံ (စစ်ကောင်စီ) ဘက်မှ ပြန်လည်ချေပ လျှောက်လဲမည်။
ဇန်နဝါရီ ၂၁ - ၂၈: နှစ်ဖက် အပြန်အလှန် တုံ့ပြန်လျှောက်လဲခြင်းနှင့် သက်သေများ စစ်ဆေးခြင်း။
တရားရုံးကြားနာမှု တစ်ခုလုံးသည် ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ မြန်မာ့အရေး လေ့လာစောင့်ကြည့်သူများက မျက်ခြည်မပြတ် စောင့်ကြည့်လျက်ရှိသည်။
Ref: ICJ Live Stream, Reuters
#MyanmarBreaking #ICJ #GambiaVsMyanmar #TheHague #HumanRights #GenocideCase
No comments yet.